"Yellow Vest" ဆန္ဒပြသမားတွေ စိတ်ကျေနပ်စေမယ့် ဘဏ္ဍာရေးအစီအစဉ်သစ်တွေ ဖော်ဆောင်မယ်လို့ ပြင်သစ် သမ္မတ ကြေညာ

"Yellow Vest" ဆန္ဒပြသမားတွေ စိတ်ကျေနပ်စေမယ့် ဘဏ္ဍာရေးအစီအစဉ်သစ်တွေ ဖော်ဆောင်မယ်လို့ ပြင်သစ် သမ္မတ ကြေညာ

ဒီဇင်ဘာ ၁၁ ။             ။ နိုင်ငံကို ထိခိုက်ထားစေခဲ့တဲ့ "Yellow Vest" အဝါရောင်အပေါ်အကျင်္ီဝတ် ဆန္ဒပြမှုတွေကို ပြေရာပြေကြောင်း ဖြစ်စေဖို့ ရည်ရွယ်ပြီး ခိုင်မာတဲ့ ဘဏ္ဍာရေးအစီအစဉ်သစ်တွေ ဖော်ဆောင်ပေးသွားမယ်ဆိုပြီး ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။

ဒီဇင်ဘာ ၁၀ ရက် သမ္မတအိမ်တော်ကနေတဆင့် မိန့်ခွန်းပြောကြားမှုမှာတော့ မက်ခရွန်က လေသံကို ပုံမှန်ထက် နှိမ့်ထားပြီး ၎င်းအပေါ် ဝေဖန်မကောင်းမြင်သူတွေကို ဖြေသိမ့်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

" ကျွန်တော့်ရဲ့ ထုတ်ပြန်ပြောဆိုမှုတွေကြောင့် ခင်ဗျားတို့ထဲက တစ်ချို့ကို ထိခိုက်စေခဲ့တယ်ဆိုတာ ကျွန်တော် သိပါတယ်" ဆိုပြီး ပြင်သစ်သမ္မတ က ရုပ်သံကနေ တိုက်ရိုက်လွှင့်တဲ့ ယင်းမိန့်ခွန်းထဲမှာ ပြောပါတယ်။

သို့ပေမယ့်လည်း ခုလိုမျိုး ကျေးလက်ဒေသဘက်တွေ၊ ဒါမှမဟုတ် မြို့ငယ်တွေဘက်က ဝင်ငွေနည်းပြည်သူအများစုရဲ့ ဆန္ဒပြမှုတွေက ရေရှည်မှာ ဒီထက်ပိုကြီးတဲ့ ပြဿနာကြီးတွေ ဖြစ်လာစေနိုင်ကြောင်း ၎င်းက ပြောသွားပါတယ်။

ယင်းအတွက် ယခုကစလို့ အားကောင်းတဲ့ ဘဏ္ဍာရေး အစီအမံတွေ ဆောင်ရွက်သွားမှာဖြစ်ကြောင်း သမ္မတ မက်ခရွန်က ပြောသွားပါတယ်။

၎င်း ပြောသွားခဲ့တဲ့ ဘဏ္ဍာရေးအစီအစဉ်တွေထဲမှာတော့ လာမယ့်နှစ်ကစလို့ နိုင်ငံမှာ အနိမ့်ဆုံး လုပ်ခလစာကို လစဉ် တိုးမြှင့်ပေးသွားမယ့် ကိစ္စ၊ အခွန်တွေ လျှော့ပေ့ါကောက်ခံသွားမယ့် ကိစ္စ စတာတွေ ပါဝင်ခဲ့ပါတယ်။

လာမယ့် နှစ်ကစလို့ အနိမ့်ဆုံး လုပ်ခလစာကို တစ်လကို ယူရို ၁၀၀ အထိ တိုးပေးသွားမယ်လို့ ၎င်းက ကတိပြုသွားပါတယ်။

ပြင်သစ်မှာတော့ လောင်စာခွန် မြင့်တက်မှု၊ နေထိုင်စရိတ်နဲ့ အခြား အထွေထွေ စရိတ်တွေ ကြီးမြင့်မှုတို့ကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဆိုးရွားတဲ့ အကြမ်းဖက် ဆန္ဒပြပွဲတွေ ပေါ်ပေါက်ထားခဲ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly