အစ္စရေး မြောက်ပိုင်း ရေကန်ထဲ ကြိုးကြာငှက်ကောင်ရေ ထောင်ချီ ဆောင်းခိုရန် ရောက်ရှိလာ

အစ္စရေး မြောက်ပိုင်း ရေကန်ထဲ ကြိုးကြာငှက်ကောင်ရေ ထောင်ချီ ဆောင်းခိုရန် ရောက်ရှိလာ

ဒီဇင်ဘာ ၁၁ ။            ။ အစ္စရေးနိုင်ငံ မြောက်ပိုင်းက ရေကန်တစ်ကန်ထဲကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်က ထောင်ပေါင်းများစွာသော ကြိုးကြာငှက်တွေ ဆောင်းခိုဖို့အတွက် အစုလိုက်အပြုံလိုက် ရောက်ရှိလာခဲ့တာကို တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ယင်းနိုင်ငံမြောက်ပိုင်းက အက်ဂမွန် ဟူလာ ဘေးမဲ့ထိန်းသိမ်းစောင့်ရှောက်ရေး ကန်ထဲကို ထောင်နဲ့ချီတဲ့ မီးခိုးရောင် ကြိုးကြာငှက်တွေ အုပ်စုလိုက် ရောက်လာကြတာကို ဓာတ်ပုံဆရာတွေက မှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်။

အဆိုပါ ဧရိယာကတော့ ကမ္ဘာ့ရာသီဥတု အပြောင်းအလဲကြောင့် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ကျက်စားကြတဲ့ ငှက်တွေ ခဏ ယာယီနားခိုတတ်ကြတဲ့ နေရာတစ်ခုလည်း ဖြစ်သလို ကမ္ဘာ့ လူသိအများဆုံး ငှက်ကြည့်နေရာတစ်ခုလည်း ဖြစ်ပါတယ်။

နှစ်စဉ်နှစ်တိုင်းလိုလို ထောင်သောင်းချီတဲ့ ငှက်မျိုးစိတ်တွေဟာ အဆိုပါ လမ်းကြောင်းကနေ ဖြတ်ပြီး ပျံသန်းတတ်ကြတယ်လို့ သိရပါတယ်။

အဆိုပါ ရွှေ့ပြောင်းနေထိုင်ကျက်စားတဲ့ ငှက်တွေကတော့ အာဖရိကဘက်ကို ဦးတည်ထွက်ခွာတတ်ကြပြီး ယင်းနောက်မှ တစ်ဖန် ဥရောပဘက် ပြန်လှည့်လာတတ်ကြတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly