ရိုက်တာသတင်းသမားများအမှု အယူခံ ဒီဇင်ဘာ ၂၄ ကြားနာမည်

ရိုက်တာသတင်းသမားများအမှု အယူခံ ဒီဇင်ဘာ ၂၄ ကြားနာမည်

ရန်ကုန် ၊ ဒီဇင်ဘာ ၉ ။           ။ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသည့် ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ အယူခံလျှောက်ထားချက်ကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ကြားနာသွားမည်ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၏ စာရင်းကို ရိုက်တာသတင်းသမားများ၏ လက်ထဲတွင် လက်ဝယ်တွေ့ရှိရသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို အမှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်နေ့တွင် ၄င်းတို့အား မြောက်ပိုင်းခရိုင်တရားရုံးမှ ထောင်ဒဏ် ၇ နှစ်စီ အမိန့်ချမှတ်လိုက်ခြင်းလည်းဖြစ်သည်။

ရိုက်တာသတင်းသမားများ စတင်ဖမ်းဆီးခံရချိန်မှစတင်ကာ နိုင်ငံတကာသံတမန်များ ၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာများက ပြန်လွှတ်ပေးရန် တောင်းဆိုနေခဲ့ခြင်းများလည်းရှိသည်။

အဆိုပါအမှုကို ပြန်လည်စိစစ်သုံးသပ်ပေးရန်လည်း နိုင်ငံတော်သမ္မတထံ တင်ပြတောင်းဆိုချက်များလည်း ရှိနေခဲ့သည်။

ရိုက်တာသတင်းသမားများကို အစိုးရက နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားစွဲဆိုခဲ့ခြင်းသည် ယင်းတို့ ဖော်ထုတ်ရေးသားခဲ့သည့် အင်းဒင်ရွာ လူသတ်မှု သတင်း ဖြင့် ပတ်သက်နေသည် ဆိုသည့် သုံးသပ်ချက်များလည်း ရှိနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly