စီးရီးအေချန်ပီယံလုပွဲမှ ဂျူဗင်တပ်စ်ထွက်ခွာသွားခြင်း မရှိသေးဟု အယ်လီဂရီပြော

စီးရီးအေချန်ပီယံလုပွဲမှ ဂျူဗင်တပ်စ်ထွက်ခွာသွားခြင်း မရှိသေးဟု အယ်လီဂရီပြော

နာပိုလီအသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက်တွင် ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက ၎င်းတို့အသင်းအနေဖြင့် စီးရီးအေချန်ပီယံလုပွဲမှ ထွက်ခွာသွားခြင်း မရှိသေးကြောင်း ပြောဆိုလိုက်သည်။

စီးရီးအေချန်ပီယံဆုကို လေးနှစ်ဆက်တိုက်သိမ်းပိုက်ထားသည့် ဂျူဗင်တပ်စ်အသင်းသည် ယခုနှစ်ရာသီတွင် အသင်းမှ အဓိက ကစားသမားများထွက်ခွာသွားမှုနှင့် ဒဏ်ရာရကစားသမားများကြောင့် ရလဒ်များဆိုးရွားလျက်ရှိသည်။ စီးရီးအေပွဲစဉ် ခြောက်ပွဲ ယှဉ်ပြိုင်ပြီးချိန်တွင် နိုင်ပွဲ တစ်ပွဲသာ ရရှိထားပြီး နှစ်ပွဲသရေကျ၊ သုံးပွဲရှုံးကာ ရမှတ် ငါးမှတ်ဖြင့် အဆင့် ၁၅ နေရာတွင် ရပ်တည်လျက်ရှိသည်။

'ဒီအချိန်က ခက်ခဲတဲ့ အချိန်ပါ။ ဒါပေမဲ့ ချန်ပီယံလုပွဲလမ်းကြောင်းက ရှည်လျားပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ဟာ ချန်ပီယံအသင်းလို ကစားနေတာပါ။ ဂျူဗင်တပ်စ်အသင်းအနေနဲ့ အမှတ်ပေးဇယား ထိပ်ကို ပြန်လာမှာပါ။ ဒါက ခက်ခဲမှာတော့ အမှန်ပါပဲ။ အတွေ့အကြုံရှိတဲ့ ကစားသမားတွေဒဏ်ရာရနေလို့ ပြန်လာဖို့ ခက်နေတာပါ။ သူတို့ရဲ့ အတွေ့အကြုံတွေက ကျွန်တော်တို့ကို ကူညီနိုင်ပါတယ်။ ကစားသမားတွေ ဒဏ်ရာက ပြန်လည်သက်သာလာရင် ရွေးချယ်ခွင့် ပိုမိုရရှိလာမှာပါ။ အခုဆိုရင် ကျွန်တော်အနေနဲ့ ကွင်းလယ်မှာ ဟာနာနက်စ်နဲ့ မာရီယိုလီမီလာတို့သာ ရွေးချယ်စရာရှိပါတယ်။

နာပိုလီနဲ့ပွဲက ဆိုးရွားတဲ့ ပွဲတော့ မဟုတ်ပါဘူး။ နာပိုလီဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး ကျွန်တော်တို့ကို အနိုင်ယူနိုင်စွမ်းရှိတဲ့ အသင်းပါ။ သူတို့ဟာ တန်ပြန်တိုက်စစ်တွေနဲ့ အကောင်းဆုံးကစား သွားနိုင်ခဲ့ပါတယ်' ဟု အယ်လီဂရီက ပြောသည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly