အခွန်ဆောင်ထားသည့် ဆက်သွယ်ရေးကုမ္ပဏီများစာရင်းတွင် မပါဝင်ခြင်းအပေါ် MPT ပြန်ရှင်း

အခွန်ဆောင်ထားသည့် ဆက်သွယ်ရေးကုမ္ပဏီများစာရင်းတွင် မပါဝင်ခြင်းအပေါ် MPT ပြန်ရှင်း

ရန်ကုန်၊ ဒီဇင်ဘာ ၈ ။          ။ ဆက်သွယ်ရေးကုမ္ပဏီများ အခွန်ဆောင်ထားသည့် စာရင်းတွင် MPT ပါဝင်လာခြင်းမရှိသည့်အပေါ် ဒီဇင်ဘာ ၆ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေး ခဲ့ပြီးနောက် ဒီဇင်ဘာလ ၇ ရက်နေ့တွင် MPTဘက်မှ ဖြေရှင်းချက်ကို ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဌာနအဖွဲ့အစည်းများ၏ ၂၀၁၇-၂၀၁၈ခုု၊ ဘဏ္ဍာရေးနှစ် ဒုတိယ ၆လပတ် အခွန်ကောက်ခံ ရရှိမှုအခြေအနေနှင့် ၎င်းအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သဘောထား မှတ်ချက်အစီရင်ခံစာ (၁၁/၂၀၁၈) တို့နှင့်စပ်လျဉ်း၍ ဒီဇင်ဘာ ၆ ရက်ကကျင်းပသော ပြည်ထောင်စုလွှတ် တော်အစည်းအဝေး၌ ဆွေးနွေးစဉ် ဆက်သွယ်ရေးကုမ္ပဏီများအခွန်ဆောင်ထားသည့်စာရင်းတွင် MPT ပါဝင် လာခြင်းမရှိသည့်အပေါ် ဆိတ်ကြီးခနောင်တိုမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင် က မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်က ထိပ်တန်းအခွန်ဆောင်သူစာရင်း ထွက်လာတဲ့အပေါ် အခြေခံပြီးဆွေးနွေးတာပါ။ သူတို့တစ်ကယ် ဆောင်နေတာလား၊ ကျွန်တော်တို့ မသိတဲ့ပုံစံနဲ့ အခွန်ဆောင်နေတာလားတော့ သေချာမသိရဘူးပေါ့။ လွှတ် တော်အနေနဲ့တော့ အစိုးရက တရားဝင် ထုတ်ပြန်ထားတဲ့ အဓိကအခွန်နှစ်ခုပေါ့။ ဒီ Tele Communication ကုမ္ပဏီတွေဖြစ်တဲ့ တယ်လီနောတို့၊ အော်ရီဒူးတို့၊ နောက်နှစ်ဆို Mytel တို့ ပါလာတော့ မယ်ဆိုတော့ ဒီကုမ္ပဏီ လေးခုက အခွန်ဆောင်တဲ့အနေအထားကု ပွင့်လင်းမြင်သာရှိအောင် ဆွေးနွေးတာ” ဟု ဦးတင်ထွန်းနိုင် က ဆိုသည်။

အဆိုပါကိစ္စအတွက် MPTက “MPT နှင့် KSGM အနေဖြင့် သက်ဆိုင်ရာဥပဒေများနှင့် အညီ အခွန်အခကိုပေး ဆောင်နေကြောင်း” ဒီဇင်ဘာလ ရရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ သတင်းထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် အသေးစိတ်အခြေအနေများကို မဇ္စျိမ မီဒီယာမှ MPT ၏ သက်ဆိုင်ရာတာဝန်ရှိသူထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းမှုများ ပြုလုပ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

ပြည်ထောင်စုအစိုးရအဖွဲ့မှပေးပို့သော ပြည်ထောင်စုဝန်ကြီးဌာန၊အဖွဲ့အစည်းများ၏ ၂၀၁၇-၂၀၁၈ခုု၊ ဘဏ္ဍာ ရေးနှစ်၊ ဒုတိယ ၆လပတ် အခွန်ကောက်ခံရရှိမှုစာရင်းအရ ဝင်ငွေခွန်ပေးဆောင်ရာတွင်လည်း တယ်လီနောက ကျပ်ဘီလီယံ ၈ဝကျော် ပေးဆောင်ထားပြီး အူရီဒူးက ကျပ်ဘီလီယံ ၅၀ အောက်ပေးဆောင်ထားကာ MPT ၏ မိတ်ဖက်ကုမ္ပဏီဖြစ်သော KDDI summit Global Myanmar Co,Ltd က ကျပ်ဘီလီယံ ၃ဝအောက်သာ ပေးဆောင်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly