စွမ်းအင်ကဏ္ဍညှိနှိုင်းဆောင်ရွက်မှု ၆လအတွင်း အကျိုးရလဒ် မြင်ရမည်ဟု အိန္ဒိယသံအမတ် ဆို

စွမ်းအင်ကဏ္ဍညှိနှိုင်းဆောင်ရွက်မှု ၆လအတွင်း အကျိုးရလဒ် မြင်ရမည်ဟု အိန္ဒိယသံအမတ် ဆို

ဒီဇင်ဘာ ၈ ။          ။ အိန္ဒိယပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် မြန်မာအစိုးရတို့အကြား စွမ်းအင်ကဏ္ဍအတွက် ညှိနှိုင်းဆောင်ရွက် မှုများလုပ်ဆောင်နေပြီး ၆လအတွင်း အကျိုးရလဒ်များကို တွေ့မြင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Shri Vikram Misri ကပြောသည်။

 "ပုဂ္ဂလိကကဏ္ဍမှာဆိုရင် အန္ဒိယနိုင်ငံက ပုဂ္ဂလိကကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာစွမ်းအင်ထုတ်လုပ်မှုဆိုင် ရာကဏ္ဍတွေမှာ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ မကြာခင် ၃လ သို့မဟုတ် ၆လအတွင်းမှာ ညှိနှိုင်းဆောင်ရွက်မှု ရဲ့အကျိုးရလဒ်တွေကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်" ဟု H.E. Shri Vikram Misri ကပြောသည်။

 

မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုများစွာကို လုပ်ဆောင်နေခြင်းကြောင့် အိန္ဒိယလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လာရောက်လုပ်ကိုင်ရန် အခွင့် အလမ်းကောင်းများဖြစ်နေပြီဟုလည်း ၎င်းက ပြောသည်။

 

ထို့အပြင် မြန်မာနိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ဘဏ်လုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း များတွင် ရင်နှီးမြှုပ်နှံမှုလုပ်ဆောင်သွားရန်လည်း ရည်ရွယ်ထားကြောင်း သိရသည်။

 

အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုကို မြှင့်တင်နိုင်ရန် (၅)ကြိမ်မြောက်အိန္ဒိယကုန်စည်ပြပွဲကို ဒီဇင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ သုံးရက်ကြာ မြန်မာနိုင်ငံတွင်ကျင်းပမည်ဖြစ်ပြီး ၂၀၁၁ခု နှစ်မှ ၂၀၁၅ခုနှစ်အတွင်း ကလည်း  ရန်ကုန်နှင့် မန္တလေးမြို့များတွင် အိန္ဒိယကုန်စည်ပြပွဲများကို လေးကြိမ်ကျင်းပခဲ့ပြီးဖြစ်သည်။

 
(၅)ကြိမ်မြောက် အိန္ဒိယကုန်စည်ပြပွဲကို အိန္ဒိယနိုင်ငံ၏သမ္မတမှတက်ရောက်ဖွင့်လှစ်ပေးမည်ဖြစ်ပြီး အိန္ဒိယနိုင်ငံ သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်သည် ဒီဇင်ဘာ ၁၀ ရက်က စတင်ကာ ၁၄ ရက်အထိ ငါးရက်ကြာမြင့်မည် ဖြစ် သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required