နေရှင်နယ်လိဂ်အသင်း ၁၂ သင်းတွင် ၆ သင်းအထိ တန်းမဆင်း ရရန်ရုန်းကန်နေရ

နေရှင်နယ်လိဂ်အသင်း ၁၂ သင်းတွင် ၆ သင်းအထိ တန်းမဆင်း ရရန်ရုန်းကန်နေရ

၂၀၁၅ မြန်မာနေရှင်နယ်လိဂ်အမှတ်ပေး ပြိုင်ပွဲတွင်အသင်း၁၂သင်းဝင်ပြိုင်နေပြီး ပွဲစဉ်ပြီးဆုံးရန် ၄ပွဲအလို၌ တန်းမဆင်းရရန်အတွက် အသင်း ၆သင်းရုန်းကန်နေရသည်။

ယင်းအခြေအနေမှာ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက်၌ ပထမဆုံးအကြိမ်ဖြစ်ပြီး လက်ရှိအချိန်အထိ အဆင့် ၁၂မှ အဆင့် အထိအသင်းများအကြားအမှတ်ကွာဟမှုမှာ ၃မှတ်သာရှိသည်။

တန်းဆင်းဇုန်မှလွတ်ရန်အတွက် ဇေယျာရွှေမြေ၊ နေပြည်တော်၊ ဟံသာဝတီ၊ ဇွဲကပင်၊ မနောမြေ၊ ရခိုင်အသင်းတို့ရုန်းကန်နေပြီး မနောမြေနှင့်ရခိုင်အသင်းတို့မှာ တန်းဆင်းဇုန်အတွင်းကျရောက်နေသည်။

မြန်မာနေရှငနယ်လိဂ်တွင် ၂၀၁၂ဘောလုံးရာသီမှစတင်ပြီး တန်းတက်တန်းဆင်းစနစ်စတင်ကျင့်သုံးခဲ့ရာ ချင်းယူနိုက်တက်၊ ရခိုင်ယူနိုက်တက်၊ ဟံသာဝတီ၊ GFA၊ ဆောက်သမ်းမြန်မာ၊ စသည့်အသင်းများ တန်းဆင်းခဲ့ ရဖူးသည်။ လာမည့်နှစ်ဘောလုံးရာသီအတွက် မြန်မာနေရှင်နယ်လိဂ်-၂သို့ တန်းဆင်းရမည့်အသင်းများ ပေါ်ထွက်ခြင်းမရှိသေးသော်လည်း မြန်မာနေရှင်နယ်လိဂ်သို့ လိဂ်-၂ မှာ ဆောက်သမ်းနှင့် Horizon အသင်းတို့ တန်းတက်ထားနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly