အီတလီက နိုက်ကလပ်မှာ အနံဆိုးကြီး ရလို့ ကြောက်လန့်ထွက်ပြေးကြရာက လူအုပ်ပြိုမှုဖြစ်ပြီး လူ ရှစ်ဦး သေဆုံး

အီတလီက နိုက်ကလပ်မှာ အနံဆိုးကြီး ရလို့ ကြောက်လန့်ထွက်ပြေးကြရာက လူအုပ်ပြိုမှုဖြစ်ပြီး လူ ရှစ်ဦး သေဆုံး

ရောမ၊ ဒီဇင်ဘာ ၁၈ ။            ။ အီတလီနိုင်ငံ အလယ်ပိုင်း အန်ကိုနာအရပ်က နိုက်ကလပ်တစ်ခုမှာ စနေနေ့ နံနက်အစောပိုင်းက လူတွေ ကြောက်လန့်တကြားဖြစ်လို့ အပြင်ဖက်ကို အလုအယက်ထွက်ပြေးကြရာက လူအုပ်ပြိုမှုဖြစ်ပြီး လူခြောက်ဦး သေဆုံးကြောင်း မီးသတ်ဌာနက ပြောပါတယ်။

“တစ်ယောက်ယောက် ငရုတ်ကောင်း ဖျန်းဆေးလိုမျိုး ဖျန်းဆေးတစ်မျိုးကို ဖျန်းလိုက်ပုံရတယ်။ ဒီမှာ အနံ့ဆိုးကြီး ထွက်လာပြီး ကလပ်ထဲက လူတွေ ကြောက်လန့်တကြားဖြစ်ကြတယ်။ လူငယ်တွေဟာ အတင်းတိုးဝှေ့ထွက်ပြေးတာကြောင့် လဲကျသူတွေပေါ် တက်နင််းမိကြပြီး ဝမ်းနည်းစရာ လူသေဆုံးမှုတွေ ဖြစ်တာပါပဲ။ ခြောက်ဦး သေဆုံးပြီး ဒါဇင်များစွာ ဒဏ်ရာခဲ့ကြတယ်။”လို့ မီးသတ်ဌာနက တွစ်တာကနေ ထုတ်ပြန်ပါတယ်။

ကော်ရီနယ်ဒိုမြို့က နိုက်ကလပ်မှာ အီတလီ ရက်ပ်အဆိုတော် စဖီရာအီဘာစတာ ဖျော်ဖြေမှာကို လူ ၁၀၀၀ နီးပါးလောက် စောင့်ဆိုင်းနေကြချိန်မှာ ခုဖြစ်ရပ်ဆိုး ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့တွေ ကနေကြချိန်၊ ဖျော်ဖြေပွဲကို စောင့်နေချိန်မှာ ပြင်းထန်ဆိုးဝါးတဲ့ အနံ့ဆိုးကြီးကို ရလိုက်တာဖြစ်တယ်။”လို့ ဆေးရုံဆီ တင်ပို့ခံရတဲ့ အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ အရေးပေါ်ထွက်ပေါက်ကို ပြေးပေမယ့် အဲဒီမှာ ပိတ်ထားတာကို တွေ့ရတယ်။ ကလပ်ထိန်းအစောင့်တွေက ကျွန်တော်တို့ကို ပေးမထွက်တာကြောင့် ပင်မတံခါးကပဲ အလုအယက် ထွက်ပြေးကြတာ ဖြစ်ပါတယ်။”လို့ ၎င်းလူငယ်က ပြောခဲ့ပါတယ်။

အီတလီအာဏာပိုင်တွေက ခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးလျက် ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly