ကော့စတာရီကာတွင် ပလတ်စတစ်များ စုဆောင်းကာ ဂင်းနစ်စံချိန်တင်နိုင်ရန်ကြိုးပမ်း

ကော့စတာရီကာတွင် ပလတ်စတစ်များ စုဆောင်းကာ ဂင်းနစ်စံချိန်တင်နိုင်ရန်ကြိုးပမ်း

ဒီဇင်ဘာ ၈ ။           ။ ကော့စတာရီကာနိုင်ငံရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တို့ ပူးပေါင်းပြီး ပလတ်စတစ်ဘူးခွံများကောက်ကာ ဂင်းနစ်စံချိန်တင်နိုင်ရန် ကြိုးပမ်းလျက်ရှိတယ်လို့ သိရပါတယ်။

ဂင်းနစ်စံချိန်တင်ရန် ပလတ်စတစ်ဘူးခွံများလိုက်လံကောက်ယူရာမှာ ပလတ်စတစ်တန်ချိန်ပေါင်း ၃၀ တန်ရှိနေပြီလို့ သိရပါတယ်။

၈ နာရီအတွင်းမှာ ပလတ်စတစ်ဘူးခွံအများဆုံးကောက်နိုင်တဲ့ ဂင်းနစ်စံချိန်ကို ချိုးနိုင်ဖို့ ကြိုးစားနေခြင်းဖြစ်ကြောင်း Ecolones အဖွဲ့အစည်းရဲ့ ဒါရိုက်တာ ကာလာရှာဗေက ပြောပါတယ်။

ပလတ်စတစ်ဘူးခွံတွေ၊ ပလတ်စတစ်အမှိုက်တွေအနေနဲ့ ပင်လယ်ထဲမှာ၊ မြစ်ချောင်းတွေထဲမှာ မရှိရင် ကောက်ရတာ ပိုလွယ်ကြောင်း ဘူးခွံတွေကို မြစ်ချောင်း၊ ပင်လယ်တွေကနေ ဆယ်ယူပြီး ပြန်လည်အသုံးချနိုင်အောင် ပြုလုပ်သွားမှာဖြစ်ကြောင်း စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဂျေနာအကူနာက ပြောပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly