ဆိုင်ဘာသူလျှိုလုပ်တယ်လို့ အမေရိကန််စွပ််စွဲထားတဲ့ ဟွာဝေးနဲ့ ZTE ဖုန်းတွေ မသုံးဖို့ ဂျပန်အစိုးရ စည်းကမ်းတင်းကြပ်ရန် ရှိ

ဆိုင်ဘာသူလျှိုလုပ်တယ်လို့ အမေရိကန််စွပ််စွဲထားတဲ့ ဟွာဝေးနဲ့ ZTE ဖုန်းတွေ မသုံးဖို့ ဂျပန်အစိုးရ စည်းကမ်းတင်းကြပ်ရန် ရှိ

တိုကျို၊ ဒီဇင်ဘာ ၁၇ ။         ။ ဆိုင်ဘာသူလျှိုလုပ်တယ်လို့ အမေရိကန်ရဲ့ စွပ်စွဲခံထားရတဲ့ တရုတ်နိုင်ငံက ဆက်သွယ်ရေးနည်းပညာ ကုမ္ပဏီကြီးတွေဖြစ်တဲ့ ဟွာဝေးနဲ့ ZTE ကုမ္ပဏီထုတ် ဖုန်းနဲ့ နည်းပညာပစ္စည်းတွေကို အစိုးရဌာနဆိုင်ရာတွေမှာ အသုံးမပြုဖို့ ဂျပန်နိုင်ငံအနေနဲ့ စည်းကမ်းတင်းကြပ်ဖို့ ရှိနေပါတယ်။

တင်သွင်းလာတဲ့ နည်းပညာပစ္စည်းတွေကတစ်ဆင့် အစိုးရလုပ်ငန်းဌာနတွေမှာ စိမ့်ဝင်ထိုးဖောက်ခံရမယ့် ဘေးအန္တရာယ်တွေ လျော့ပါးစေရေး နည်းလမ်းတွေကို လာမယ့် တနင်္လာနေ့ အစည်းအဝေးမှာ ဆွေးနွေးကြမှာဖြစ်ကြောင်း အစိုးရတာဝန်ရှိသူတွေက သောကြာနေ့မှာ ပြောကြပါတယ်။

ဟွာဝေးနဲ့ ZTE ထုတ် ပစ္စည်းတွေကို အစိုးရလုပ်ငန်းဆိုင်ရာတွေမှာ မသုံးဖို့ ထိထိရောက်ရောက် တားမြစ်ရန် ဂျပန်နိုင်ငံက ဆုံးဖြတ်ထားကြောင်း Yomiuri သတင်းစာက အစောပိုင်းက ရေးသားဖော်ပြထားပါတယ်။

အမေရိကန် တာဝန်ရှိသူတွေဟာ ဟွာဝေးကို လက်ရှောင်ကြဖို့ မဟာမိတ်နိုင်ငံတွေကို ပြောဆိုနားချတဲ့ ကမ္ဘာလုံးဆိုင်ရာ ကမ်ပိန်းကို လုပ်ဆောင်လျက် ရှိနေတာလည်း ဖြစ််ပါတယ်။

ဟွာဝေးဟာ ဆိုင်ဘာလုံခြုံရေး ဘေးအန္တရာယ် ရှှိနေတယ်လို့ ဂျာမနီ၊ အီတလီနဲ့ ဂျပန်တို့အပါအဝင် မဟာမိတ်နိုင်ငံတွေက အစိုးရတာဝန်ရှိသူတွေနဲ့ ဆက်သွယ်ရေးနည်းပညာအမှုဆောင်တွေကို အမေရိကန်က အကြောင်းကြားထားကြောင်း နိုဝင်ဘာလက The Wall Street Journal က သတင်းဖော်ပြဖူးပါတယ်။

ဂျပန်နိုင်ငံမှာ အမေရိကန်စစ်အခြေစိုက်စခန်းတွေ ရှိနေတာအတွက်လည်း စိုးရိမ်စရာ ဖြစ်နေပါတယ်။

ဟွာဝေးကုမ္ပဏီကတော့ ၎င်း ထုတ်ကုန်ပစ္စည်းတွေဟာ ဘေးကင်းလုံခြုံကြောင်း ထပ်ဖန်တလဲလဲ ပြောဆိုထားပါတယ်။ တရုတ် ဗဟိုအစိုးရနဲ့ လွတ်ကင်းပြီး လွတ်လွတ်လပ်လပ် ကိုယ်ပိုင်် လုပ်ငန်းလည်ပတ်နေခြင်းသာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly