မျိုးသုဉ်းလုနီး အန္တရာယ်ကျရောက်လာတဲ့ သြစတြေးလျက ကြွက် သားပိုက်ကောင်များ

မျိုးသုဉ်းလုနီး အန္တရာယ်ကျရောက်လာတဲ့ သြစတြေးလျက ကြွက် သားပိုက်ကောင်များ

ဒီဇင်ဘာ ၇ ။           ။ ကြွက် သားပိုက်ကောင်တွေလို့ သိကြတဲ့ သြစတြေးလျ မာဆူပီရယ် (သားပိုက်နို့တိုက်သတ္တဝါ) တွေကတော့ ခုချိန်မှာ ဆိုးဆိုးရွားရွား ကောင်ရေ ကျဆင်းမှုနဲ့ ကြုံတွေ့နေပြီး မျိဴးသုဉ်းလုနီး အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ယင်းအတွက်ကြောင့် အဆိုပါ ရှားပါး မျိုးစိတ်ကို အရေးပေါ် ထိန်းသိမ်းစောင့်ရှောက်မှုမျိုးတွေ မလုပ်နိုင်ဘူးဆိုရင်တော့ ယင်း မာဆူပီရယ်တွေဟာ မကြာမီ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်တယ်လို့လည်း ပညာရှင်တွေက သတိပေးခဲ့ကြပါတယ်။

သြစတြေးလျနိုင်ငံ ကွင်းစလန်း ပြည်နယ် မြောက်ပိုင်းမှာ နေထိုင်ကျက်စားနေတဲ့ ယင်း ရှားပါး နို့တိုက်သတ္တဝါ ကောင်ရေဟာ လက်ရှိအချိန်မှာ ၂,၅၀၀ ခန့်သာ ရှိတော့ပြီး လွန်ခဲ့တဲ့ နှစ် ၃၀ လောက်ကနဲ့ ယှဉ်ရင် ၇၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

ခုလို ယုန် အရွယ်အစားရှိ သားပိုက်နို့တိုက်ကောင်လေးတွေ ဒီလိုမျိုး ကောင်ရေထိုးကျလာခြင်းရဲ့ နောက်ကွယ်မှာတော့ တောကြောင်တွေ၊ မြေယာရှင်းလင်းမှုတွေ၊ တောမီးလောင်ကျွမ်းမှုတွေကြောင့် အဓိက ဖြစ်နေတယ်လို့လည်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly