ကင်မ်ဂျုံအန်းဆီကနေ လက်ဆောင်ရထားတဲ့ ခွေးမလေး ဂိုမီရဲ့ သားပေါက်လေးတွေကို တောင်ကိုရီးယားသမ္မတ ထုတ်ဖော်ပြသ

ကင်မ်ဂျုံအန်းဆီကနေ လက်ဆောင်ရထားတဲ့ ခွေးမလေး ဂိုမီရဲ့ သားပေါက်လေးတွေကို တောင်ကိုရီးယားသမ္မတ ထုတ်ဖော်ပြသ

ဒီဇင်ဘာ ၇ ။           ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းထံ ငြိမ်းချမ်းရေးလက်ဆောင်အဖြစ် ပေးထားခဲ့တဲ့ ခွေးမလေး ဂိုမီကတော့ ပြီးခဲ့တဲ့ လကပဲ ခွေးသားပေါက်လေး ခြောက်ကောင်ကို မွေးဖွားထားခဲ့ပါတယ်။

ယခုအခါမှာတော့ အဆိုပါ ငြိမ်းချမ်းရေး လက်ဆောင် ခွေးမလေး ဂိုမီကနေ မွေးတဲ့ ခွေးသားပေါက်လေးတွေကို တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက ထုတ်ဖော်ပြသမိတ်ဆက်ခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတနဲ့ ဇနီးဖြစ်သူတို့ အဆိုပါ ခွေးမလေး ဂိုမီရဲ့ သားပေါက် ခွေးလေးတွေကို ပွေ့ပိုက်ထားတာကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယား အမဲလိုက် ခွေးအမျိုးအစား ဖြစ်တဲ့ ခွေးမလေး ဂိုမီနဲ့ ခွေးထီးလေး ဆုန်ကန်းတို့ကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ပြုံယမ်းမှာ တွေ့ဆုံတဲ့ အစည်းအဝေးတစ်ခုမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းကို နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်နွေးထွေးလာမှုအထိမ်းအမှတ်အဖြစ် လက်ဆောင်ပေးထားခဲ့တာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly