လည်ပင်းတွင်ပတ်ထားသောပုဆိုးစ ရက်ကန်းစင် မော်တာအတွင်း ဝင်သွားရာမှ လူသေဆုံးမှု ဖြစ်ပွား

လည်ပင်းတွင်ပတ်ထားသောပုဆိုးစ ရက်ကန်းစင် မော်တာအတွင်း ဝင်သွားရာမှ လူသေဆုံးမှု ဖြစ်ပွား

မကွေး၊ ဒီဇင်ဘာ ၇ ။            ။ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့၊ အမှတ်(၂) သိမ်တော်လေးရပ်ကွက်တွင် ၂၀၁၈ ဒီဇင်ဘာ ၆ရက် နံက် ရနာရီအချိန်ခန့်က ရက်ကန်းစင်ရှိ မော်တာအတွင်းသို့ လည်ပင်းတွင်ချည်နှောင်ထားသော ပုးဆိုးဝင်ရောက်ရာမှ အမျိုးသမီးတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဝမ်းတွင်းမြို့နယ်၊ အမှတ်(၂)သိမ်တော်လေးရပ်တွင် နေထိုင်သော ဦးသက်နိုင်ထွန်း၏ နေအိမ် ရက်ကန်းရုံတွင် ရက်ကန်းအလုပ်ကိုလာရောက်လုပ်ကိုင်နေသော အမှတ်(၂)သိမ်တော်လေးရပ်ကွက် ဝမ်းတွင်းမြို့နေထိုင်သူ  မ------- (၂၀)နှစ်သည် ၂၀၁၈ ဒီဇင်ဘာ ၅ရက် ညရနာရီအချိန်ခန့်တွင် ပုဆိုး တစ်ထည်အားကျောပြင်တွင်ခြုံပြီး ၎င်းပုဆိုးရှိ အစနှစ်ဘက်အား လည်ပင်းတွင်ချည်နှောင်ကာ ရက်ကန်း ခတ်ခဲ့ရာ ဒီဇင်ဘာ ၆ရက် နံက် ရနာရီအချိန်ခန့်တွင် ၎င်းခတ်နေသည့် ရက်ကန်းစင်ရှိ မော်တာအတွင်းသို့ ၎င်းခြုံထားသော ပုဆိုးအစ ဝင်ရောက်ကာ လည်ပင်းမှာ ပုဆိုးနှင့်ရစ်ပတ်၍ (ဦးခေါင်းဝဲဘက် ပေါက်ပြဲဒဏ်ရာ လည်ပင်းညိုမဲရစ်ပတ်ဒဏ်ရာ)ရရှိပြီး သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် အလောင်းအား ဝမ်းတွင်းပြည်သူ့ ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးခြင်းသည် ဓမ္မတာအတိုင်း သေဆုံးသွားခြင်း ဟုတ်/မဟုတ်ကို စုံစမ်းစစ်ဆေးနိုင်ရန် ဒုတိယ ရဲအုပ်ရွှေရည်ဝေမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ဝမ်းတွင်းမြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၁၈/၂၀၁၈)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly