စင်ကာပူတွင် လှဲလှယ်ခဲ့သော တစ်သောင်းတန် ငွေအတု ၁၅၄ ရွက်နှင့်အတူ ဖမ်းဆီး

စင်ကာပူတွင် လှဲလှယ်ခဲ့သော တစ်သောင်းတန် ငွေအတု ၁၅၄ ရွက်နှင့်အတူ ဖမ်းဆီး
ဓာတ်ပုံ- ပြည်ထဲရေးဝကြီးဌာန

အိမ်အကူလုပ်ကိုင်ရာမှ ရရှိသော ငွေများကို စင်ကာပူ၌ မြန်မာငွေသို့ လှဲလှယ်ခဲ့ရာမှ ငွေစက္ကူအတုများ ဖြစ်နေ၍ အမျိုးသမီးတစ်ဦးအဖမ်းခံရမှု ဒိုက်ဦးမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။

ဒိုက်ဦးမြို့နယ်၌ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၅၄ ရွက် ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒီဇင်ဘာလ ၇ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၆ ရက်နေ့ ၊ မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဒိုက်ဦးမြို့နယ်၊ လယ်ကြားမြောင်ကျေးရွာနေ နော်သော့သွဲ့ထူး (၂၅)နှစ်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်း အဝတ်အစား အိတ်ဖြင့် ထည့်လျက် ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၅၄ ရွက်အား ဖမ်းဆီးရမိခဲ့သည်။

စစ်မေးရာ ၎င်းသည် ၂၀၁ရခုနှစ်၊ ဒီဇင်ဘာလ(ရက်မမှတ်မိ)တွင် စင်ကာပူနိုင်ငံသို့ သွားရောက်ကာ အိမ်အကူ လုပ်ကိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသို့ ပြန်ရန်အတွက် ၎င်း၏ လုပ်အားခများအား အိမ်ရှင်အမျိုးသမီး (စိစစ်ဆဲ)ထံ တွင် တောင်းခံခဲ့ရာ အိမ်ရှင်အမျိုးသမီးက နိုဝင်ဘာလ ၃၀ ရက်နေ့တွင် စင်ကာပူနိုင်ငံရှိ MM Sharife Trader တွင် စင်ကာပူ ဒေါ်လာ ၃၁၂၃.၃၉ အား သွားရောက်လဲလှယ်ရာမှ ရရှိသည့် မြန်မာငွေ ၂,၉၆၀,၀၀၀ ကျပ်အား ၎င်းထံပေးခဲ့ရာမှ ပါလာသော ငွေတုများဖြစ်ကြောင်း သိရှိရခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် နော်သောဘွဲ့ထူးအား ဒိုက်ဦးမြို့မရဲစခန်း(ပ) ၁၄၂၀/၂၀၁၈၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

စင်ကာပူနိုင်ငံသား ၂ ဦးထံမှ နိုဝင်ဘာလကုန်ပိုင်းက ရွှေတိဂုံစေတီတော် တောင်ဖက်မုခ်တွင် ဝင်ခွင့်ငွေ ပေးခဲ့ရာတွင် ကျပ်တစ်သောင်းတန် အတု ၄၅ ရွက်ကို သိမ်းဆည်းရမိခဲ့မှု ဖြစ်ပွားခဲ့သေးသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly