ဂျော့ရှ်ဘုရှ်ရဲ့ ရုပ်အလောင်းကို နောက်ဆုံးခေါင်းချရာ တက္ကဆက်သို့ အထူးရထားနဲ့ ပို့ဆောင်

ဂျော့ရှ်ဘုရှ်ရဲ့ ရုပ်အလောင်းကို နောက်ဆုံးခေါင်းချရာ တက္ကဆက်သို့ အထူးရထားနဲ့ ပို့ဆောင်
Photo: AFP

၀ါရှင်တန်ဒီစီ၊ ဒီဇင်ဘာ ၇ ။    ။ ၄၁ ဆက်မြောက် အမေရိကန်သမ္မတ ဂျော့ချ်အိတ်ဒဗလျူဘုရှ်ရဲ့ ရုပ်အလောင်းကို လေးရက်တာ ဝမ်းနည်းဂုဏ်ပြုပွဲ ဆောင်ရွက်အပြီးမှာတော့ နောက်ဆုံးခေါင်းချမယ့် သူ့ဇာတိ တက္ကဆက်ဆီ ရထားတဲ့ ပို့ဆောင်ပါတယ်။

၀ါရှင်တန်ကနေ တက္ကဆက်က ကောလိပ်ဘူတာရုံဆီ ဂျော့ရှ်ဘုရှ်ရဲ့ ရုပ်အလောင်းကို တင်ဆောင်ပြီး ကြာသပတေးနေ့မှာ  ရထားနဲ့ ပို့ဆောင်ရာမှာတော့ ရထားလမ်းတစ်လျှောက် ဝမ်းနည်းပူဆွေးတဲ့ ပြည်သူတွေက နောက်ဆုံးနှုဆက်ကြပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က အသက် ၉၄ နှစ်မှာ ကွယ်လွန်တဲ့ သမ္မတဟောင်း ဂျော့ရှ်ဘုရှ်ကို ဗုဒ္ဓဟူးနေ့က ၀ါရှင်တန်မှာ နိုင်ငံတော်စျာပနအခမ်းအနား ကျင်းပပေးရာ သက်ရှိထင်ရှား အမေရိကန်သမ္မတ ငါးဦးနဲ့ နိုင်ငံခြားမှ ဂုဏ်သရေရှိ လူပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပါတယ်။

Union Pacific ရထားနဲ့ မိုင် ၇၀ ကို ခုတ်မောင်းပြီးနောက်မှာတော့ ဂျော့ရှ်ဘုရှ်ရဲ့ ရုပ်အလောင်းဟာ တက္ကဆက်က ကောလိပ်ဘူတာရုံကို ရောက်ရှိလာခဲ့ပါတယ်။ ဒီကမှ ဂျော့ရှ်ဘုရှ်ရဲ့ ခေါင်းတလားကို ဂျော့ရှ််အိတ်ချ်ဒဗလျူဘုရှ်သမ္မတစာကြည့်တိုက်ဆီ ပို့ဆောင်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်ရေတပ်ရဲ့ လေယာဉ်မှူးအဖြစ် တာဝန်ထမ်းခဲ့ပြီး ပစိဖိတ်မှာ လေယာဉ်ကို ပစ်ချခံရချိန်မှာ အသက် လွတ်မြောက်ခဲ့ပြီး အမေရိကန်ရဲ့ ၄၁ ဆက်မြောက် သမ္မတဟောင်း ဂျော့ရှ်ဘုရှ်ရဲ့ ရုပ်အလောင်းကို မကြာသေးခင်ကမှ ကွယ်လွန်ခဲ့တဲ့ ၎င်းရဲ့ ဇနီး ဘာဘာရာရဲ့ အုတ်ဂူဘေးမှာ မြုပ်နှံသင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly