ခွဲထွက်ရေးသူပုန်တွေ တိုက်ခိုက်မှုနောက်ပိုင်း ရုပ်အလောင်း ၁၆ လောင်းကို အင်ဒိုနီးရှား ရှာဖွေတွေ့ရှိ

ခွဲထွက်ရေးသူပုန်တွေ တိုက်ခိုက်မှုနောက်ပိုင်း ရုပ်အလောင်း ၁၆ လောင်းကို အင်ဒိုနီးရှား ရှာဖွေတွေ့ရှိ

ဂျကာတာ၊ ဒီဇင်ဘာ ၁၆ ။          ။ တည်ငြိမ်မှု ကင်းမဲ့ရာ အင်ဒိုနီးရှားနိုင်ငံရဲ့ ပါပူဝါပြည်နယ်မှာ သံသယဖြစ်ရတဲ့ ခွဲထွက်ရေးသူပုန်တွေရဲ့ လူအစုအပြုံလိုက် သတ်ဖြတ်မှုနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ရုပ်အလောင်း ၁၆ လောင်းကို ရှာဖွေတွေ့ရှိတယ်လို့ စစ်တပ်က ကြာသပတေးနေ့မှာ ပြောပါတယ်။

တွေ့ရှိတဲ့ ရုပ်အလောင်းတွေဟာ ဆောက်လုပ်ရေးသမားတွေ ဖြစ်ပုံရပြီး ခွဲထွက်ရေး တော်လှန်ပုန်ကန်မှုနဲ့ တည်ငြိမ်မှုကင်းမဲ့ရာ အဲဒီဒေသမှာ နှစ်များစွာအတွင်း ဆူပူအကြမ်းဖက်မှုတွေမှာ အသေအဆုံးအများဆုံး ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ တောင်ထူထပ်တဲ့ နဒူဂါခရိုင်ကနေ တွေ့ရှိတဲ့ ဒီ ရုပ်အလောင်းတွေကို တီမီကာမြို့ဆီ ပိို့မှာဖြစ်တယ်လို့ နယ်မြေခံတပ်မှူး ဘင်ဆာပန်ဂျက်တန်က ပြောပါတယ်။

“နောက်ဆုံးရတဲ့ သတင်းအရ ရုပ်အလောင်း ၁၆ လောင်း တွေ့ရှိတယ်လို့ သိထားရပါတယ်။”လို့ ပါပူဝါမှာ သတင်းထောက်တွေကို ဘင်ဆာက ပြောပါတယ်။

သေသုံးသူတွေ မည်သူမည်ဝါ ဖြစ်ကြောင်း မသိရသေးသလို ဘယ်လို အသတ်ခံရတယ်ဆိုတာလည်း စစ်တပ်က အသေးစိတ် ပြောဆိုခြင်း မရှိသေးပါ။

ဆင်းရဲမွဲတေတဲ့ ဒီဒေသမှာ အခြေခံအဆောက်အအုံတွေ တိုးတက်ဖွံ့ဖြိုးရေး လမ်းနဲ့ တံတားတွေကို နိုင်ငံပိုင် ဆောက်လုပ်ရေး လုပ်ငန်းက တည်ဆောက်နေတာဖြစ်ပြီး အဲဒီ တည်ဆောက်ရေးလုပ်ငန်းက အလုပ်သမားအားလုံး သေဆုံးပြီးလားဆိုတာအပေါ် ရှှင်းရှင်းလင်းလင်း မသိသေးကြောင်း စစ်တပ်က သတိပေးပြောကြားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly