ဆိုင်ကယ်စီးခြင်းနှင့် Rock ဂီတကိုခံစားရင်း နှစ်သစ်ကိုကြိုဆိုမယ့် Rock & Bike Festival ကို ပုဂံတွင် ကျင်းပ မည်

ဆိုင်ကယ်စီးခြင်းနှင့် Rock ဂီတကိုခံစားရင်း နှစ်သစ်ကိုကြိုဆိုမယ့် Rock & Bike Festival ကို ပုဂံတွင် ကျင်းပ မည်
ဓာတ်ပုံ သက်ကို

ဒီဇင်ဘာ ၆ ။            ။ ဆိုင်ကယ်စီးခြင်းနှင့် Rock ဂီတကိုခံစားရင်း ၂၀၁၉နှစ်သစ်ကိုကြိုဆိုကြမည့်သူများအတွက် The Great Empire လို့ အမည်ပေးထားတဲ့ Rock & Bike Festival New Year Countdown Party ကို ပုဂံဒေသတွင် ပြုလုပ်သွား မှာ ဖြစ်တယ်လို့ သိရပါတယ်။

"ကျွန်တော်တို့နဲ့ အတူတူဆိုင်ကယ်စီးဖော်စီးဘက် ညီအစ်ကိုတွေရှိပါတယ်။ နောက်တစ်ခါ ဆိုင်ကယ်ဝါသနာပါ တဲ့ကလေးတွေ အကုန်လုံကိုလည်းပျော်ကြရအောင်ဆိုပြီး ခရီးလေးထွက်ရင်းနဲ့ စီစဉ်ဖြစ်တာပါ" ဟု အဆိုတော် ဇော်ဝင်းထွဋ် ကပြောသည်။

ပုဂံမြေမှာ ပထမဆုံးပြုလုပ်မယ့် အဆိုပါ နှစ်သစ်ကူးဖျော်ဖြေပွဲနှင့်ပတ်သက်ပြီး မီဒီယာမိတ်ဆက်ပွဲကို ဒီဇင်ဘာ ၆ရက်က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ရွှေထွဋ်တင်ကွင်းမှာရှိတဲ့ Hexagon Complex မှာ ပြုလုပ်ခဲ့ပါ တယ်။

ယခုပွဲမှ ရရှိလာသော အကျိုးအမြတ်အချို့ကို ပုပ္ပားတွင်ရှိသည့် ရွာတစ်ရွာအတွက် ပညာရေးအထောက်အပံ့ များ အဖြစ်လှူဒါန်းသွားမည် ဖြစ်ကြောင်းသိရသည်။

"ပုပ္ပားမှာရှိတဲ့ စာသင်ကျောင်းတစ်ကျောင်းကိုရွေးထားပါတယ်။ ပညာရေးအတွက် သူတို့ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းလှူဒါန်းဖို့ အစီစဉ်ရှိပါတယ်" ဟု ပွဲစီစဉ်သူ ကိုစည်သူ ကပြောသည်။

Rock & Bike Festival New Year Countdown Party ပွဲကို ဒီဇင်ဘာ ၃၀၊ ၃၁ရက်များတွင်ကျင်းပသွားမည် ဖြစ်ပြီး ဇော်ဝင်းထွဋ်၊ ရင်ဂို၊ Rဇာနည်၊ ကျားပေါက်၊ ဝေလ၊ Lega တို့က သီဆိုဖော်ဖြေကြမည်ဖြစ်သည်။ တီးခတ်ပေးမည့် အဖွဲ့များမှာ Emperor ၊The Trees၊ The Runner နှင့် Arashi တေးဂီအဖွဲ့တို့ဖြစ်ကြောင်း သိရသည်။

ထို့အပြင် No U Turn၊ Hanny and the Zen၊ The Myth စသော တေးဂီတအဖွဲ့များကလည်း ထပ်မံအားဖြည့် တီးခေတ်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly