လေးတန်းကျောင်းသူကို အသက် ၃၅ နှစ်အရွယ်အမျိုးသားက အဓမ္မပြုကျင့်

လေးတန်းကျောင်းသူကို အသက် ၃၅ နှစ်အရွယ်အမျိုးသားက အဓမ္မပြုကျင့်
ဓာတ်ပုံ -  စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ

ရန်ကုန်၊ ဒီဇင်ဘာလ ၆ ။              ။ စစ်ကိုင်းတိုင်းဒေသကြီးတွင် အသက် ၉ နှစ်အရွယ် လေးတန်း ကျောင်းသူကို အသက် ၃၅ နှစ်အရွယ် အမျိုးသားက အိမ်ပေါ်တက်ပြီး အဓမ္မပြုကျင့်ခဲ့ကြောင်း စစ်ကိုင်းတိုင်းရဲ တပ်ဖွဲ့မှ ဒီဇင်ဘာလ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

 အဓမ္မပြုကျင့်ခဲ့သူမှာ ယင်းမာပင်မြို့နယ်၊ မောင်သရက်(ရှေ့)ရွာတွင် နေထိုင်သည့် အသက် ၃၅ နှစ်အရွယ်ရှိ ကျပန်းအလုပ်လုပ်ကိုင်သူ ကျော်ဝင်းဌေး ဆိုသူဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့၊ နေ့လယ် ၁၂ နာရီခန့်တွင် ……….ရွာတွင် နေထိုင်သည့် အမျိုးသမီးက …………ရွာတွင် နေထိုင်သော အမေဖြစ်သူနှင့် ညီမဖြစ်သူ၊ မောင်ဖြစ်သူတို့ထံ ဆန်သွားပို့ခဲ့ရာမှ ညီမဖြစ်သူထံတွင်  သွေးများထွက်နေသည်ကို မြင်တွေ့ခဲ့ခြင်း ဖြစ်သည်။

 ထိုသို့ သွေးများမြင်တွေ့သဖြင့် မေးမြန်းခဲ့ရာ ဒီဇင်ဘာလ ၄ ရက်၊ ည ၇ နာရီခန့်အချိန်တွင် အဆိုပါ မိန်းကလေး ငယ်နှင့် မောင်ဖြစ်သူတို့ နေအိမ်၌ အတူအိပ်ပျော်နေစဉ် ကျော်ဝင်းဌေးဆိုသူ ရောက်ရှိလာပြီး မိန်းကလေးငယ် အား ပါးစပ်ကို လက်ဖြင့်ပိတ်ကာ ၂ ကြိမ်ထိ အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ကျော်ဝင်းဌေးက ယင်းသို့ ပြုကျင့်ပြီး နောက် ည ၁ဝ နာရီခန့်တွင် အိမ်မှ ပြန်သွားခဲ့ကြောင်း ပြောပြသဖြင့် သိရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန် ချက်တွင် ပါရှိသည်။

 ထို့ကြောင့်  အကိုအကြီးဆုံးဖြစ်သူက အဓမ္မပြုကျင့်ခဲ့သူအား အရေးယူပေးရန် တရားပြုလုပ်တိုင်ကြားချက်အရ ယင်းမာပင်မြို့မရဲစခန်းတွင် (ပ)၂၅၄/၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၇၆ ဖြင့်အမှုဖွင့်ပြီး လက်ရှိတွင် ရဲအုပ်ဇော်မိုးလွင်က  အသက် ၃၅ နှစ်အရွယ် ကျော်ဝင်းဌေးအား ဖမ်းဆီးကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly