တိုကျို - ၂၀၂၀ ခုနှစ် အိုလံပစ်မာရသွန်ပြိုင်ပွဲကို မနက်စောစောကျင်းပရန် လျာထား

တိုကျို - ၂၀၂၀ ခုနှစ် အိုလံပစ်မာရသွန်ပြိုင်ပွဲကို မနက်စောစောကျင်းပရန် လျာထား

ဒီဇင်ဘာ ၆ ။             ။ တိုကျိုမြို့ရဲ့ ၂၀၂၀ ခုနှစ် အိုလံပစ် မာရသွန်ပြိုင်ပွဲကို မနက် ၅ နာရီခွဲနဲ့ ၆ နာရီကြားမှာ စတင်ကျင်းပသွားမယ်လို့ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာလ၊ ၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပြိုင်ပွဲဝင်အားကစားသမားတွေအနေနဲ့ ပူပြင်းတဲ့ ရာသီဥတုကို အံတုပြီး ကစားရမှာဖြစ်တဲ့အတွက် ပြိုင်ပွဲအချိန်ကို မနက်စောစောကျင်းပဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ အိုလံပစ် မာရသွန်ပြိုင်ပွဲမှာ အားကစားနည်းအမျိုးပေါင်းများစွာပါဝင်မှာဖြစ်ပြီး တောင်တက်၊ လမ်းလျှောက်အစရှိတဲ့ ပြိုင်ပွဲတွေကို နေအေးတဲ့အချိန်တွေမှာ ပြိုင်ဖို့ အိုလံပစ်မာရသွန်ပြိုင်ပွဲ တာဝန်ခံတွေက စီစဉ်နေလျက်ရှိပါတယ်။

အိုလံပစ် မာရသွန်ပြိုင်ပွဲကို ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၄ ရက်ကနေ သြဂုတ်လ ၉ ရက်နေ့အထိ တိုကျိုမြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly