ဟွာဝေးတည်ထောင်သူရဲ့ သမီး၊ ဘဏ္ဍာရေးအရာရှိချုပ်ဖြစ်သူ ကနေဒါမှာ ဖမ်းဆီးခံရ

ဟွာဝေးတည်ထောင်သူရဲ့ သမီး၊ ဘဏ္ဍာရေးအရာရှိချုပ်ဖြစ်သူ ကနေဒါမှာ ဖမ်းဆီးခံရ

အော့တဝါ၊ ဒီဇင်ဘာ ၆ ။              ။ တရုတ်နိုင်ငံက ကမ္ဘာ့လုံးဆိုင်ရာ ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ ဟွာဝေးရဲ့ ဘဏ္ဍာရေးအရာရှိချုပ် မန်ဝန်ကျို့ဟာ ကနေဒါမှာ အဖမ်းခံရပြီး အမေရိကန်ဆီ တရားခံလွှဲပြောင်းခံရဖို့ ရှိနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီလို ဖမ်းဆီးပြီး အမေရိကန်ဆီ တရားခံလွှဲပြောင်းမယ့် ဖြစ်ရပ်ကြောင့် တရုတ်နိုင်ငံဟာ အပြင်းအထန် ကန့်ကွက်ပြီး မန်ဝန်ကျို့ကို ချက်ချင်းပြန်လွှတ်ဖို့ တောင်းဆိုထားပါတယ်။

ဟွာဝေးကုမ္ပဏီဟာ အီရန်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်တယ် သံသယနဲ့ စုံစမ်းစစ်ဆေးခံနေရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးနောက်မှာ ခုလို မန်ဝန်ကျို့ကို ဖမ်းဆီးလာတာပဲ ဖြစ်ပါတယ်။

မန်ဝန်ကျို့ကို ဖမ်းဆီးတာဟာလည်း အမေရိကန်မေတ္တာရပ်ခံချက်နဲ့ ကနေဒါဟာ ဒီဇင်ဘာ ၁ ရက်က ဗန်ကော့ဗာမြို့မှာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သတင်းအချို့က ဖော်ပြပါတယ်။

အမေရိကန်ထောက်လှမ်းရေး တာဝန်ရှိသူတွေရဲ့ စောင့်ကြည့်ခြင်းခံရတဲ့ ဟွာဝေးကုမ္ပဏီဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက််နေတယ်လို့ ယူဆခံထားရတာလည်း ဖြစ်ပါတယ်။

ဟွာဝေးကုမ္ပဏီကို တည်ထောင်သူ တရုတ်ပြည်သူလွတ်မြောက်ရေးစစ်တပ်က စစ်အင်ဂျင်နီယာဟောင်းဖြစ်တဲ့ ရန်ကျန်ဖေးရဲ့ သမီး မန်ဝန်ကျို့ကို အမေရိကန်က တရားခံလွှဲပြောင်းပေးဖို့ ကြိုးစားနေကြောင်း ကနေဒါ တရားရေးဝန်ကြီးဌာနက ပြောပါတယ်။
 
“သောကြာနေ့မှာ မန်ဝန်ကျို့ကို အာမခံပေးမပေး ကြားနာမှာ ဖြစ်ကြောင်း။”ယင်းဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly