ဒီဇင်ဘာ ၆ ။ ။ ယမန်နေ့ (ဒီဇင်ဘာလ၊ ၅ ရက်နေ့)က ဒိုမီနီကန်သမ္မတနိုင်ငံ၊ ဆန်တို ဒိုမင်ဂိုမြို့၊ ဗီလက်စ်အကရီကိုလာစ်နယ်မြေရှိ Polyplas စက်ရုံတွင် မီးလောင်ပေါက်ကွဲခဲ့ရာ ၄ ဦးသေဆုံးပြီး ၄၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စက်ရုံတွင်းရှိ ဂက်စ်ပိုက်လိုင်းထိခိုက်မိ၍ ဂက်စ်ယိုစိမ့်မှုကြောင့် ယင်းကဲ့သို့ မီးလောင်ပေါက်ကွဲခဲ့ရတာဖြစ်ပါတယ်။
ဒဏ်ရာရရှိသွားသူ ၄၀ ဦးအနက် ၃ ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ယခုလို မီးလောင်ပေါက်ကွဲခဲ့ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ စက်ရုံပိုင်ရှင် မန်နျူရယ်ဒီယက်စ်ကာဘရယ်က ပြောပါတယ်။
အဆိုပါစက်ရုံအနီးတစ်ဝိုက်ရှိ သင်တန်းကျောင်းများကိုတော့ မနက်ဖြန်အထိ ပိတ်ထားမယ်လို့ အာဏာပိုင်တွေက အမိန့်ထုတ်ပြန်ထားပါတယ်။