ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း သုတေသန စင်တာဖွင့်လှစ်

ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း သုတေသန စင်တာဖွင့်လှစ်
ဓာတ်ပုံ - ကျော်ဆွေဝင်း

စစ်ကိုင်း၊ ဒီဇင်ဘာ ၅ ။             ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်းရှိ နန်းစဖိကျေးရွာအုပ်စု၊ စွယ်ခေါင်းငေါကျေးရွာတွင် ဒီဇင်ဘာ ၅ ရက်နေ့၌ ထမံသီသင်တန်းနှင့်သုတေသနစင်တာကို ဖွင့်လှစ်ခဲ့သည်။

ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်းရှိ နေထိုင်ကျက်စားလျက်ရှိသော တောရိုင်းတိရိစ္ဆာန်များကို သုတေသနစစ်တမ်းများ၊ မှတ်တမ်းများရယူနိုင်ရန်ရည်ရွယ်၍ သစ်တောဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့(WCS)တို့မှ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

စင်တာဖွင့်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲဲ့ပြီး တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သစ်တောဌာနမှ တာဝန်ရှိသူများ၊ သားငှက်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ (WCS)မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့်ဒေသခံများ တက်ရောက်ခဲ့သည်။

ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်အတွင်းတည်ရှိပြီး ဧက ၅သိန်း ၃သောင်းကျော် ကျယ်ဝန်ပြီး ယင်းဘေးမဲ့တောအတွင်း ကြောင်ကြီးမျိုးရိုး ကျားအပါအဝင် တောရိုင်းတိရစ္ဆာန် ၃၀ ကျော် နေထိုင်ကျက်စားကြောင်း သိရသည်။

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required