နှစ် ရဝပြည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဖျော်ဖြေရေး အစီအစဉ်များဖြင့် ကျင်းပမည်

နှစ် ရဝပြည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဖျော်ဖြေရေး အစီအစဉ်များဖြင့် ကျင်းပမည်

မန္တလေး၊ ဒီဇင်ဘာ ၅ ။          ။ မန္တလေးမြို့တွင်ကျင်းပမည့် ၇ ကြိမ်မြောက် နှစ် ရဝပြည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို အများပြည်သူပါဝင်ရန် ဖျော်ဖြေရေးအစီစဉ်များနှင့် ကျင်းပမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် ၊ ဒီဇင်ဘာ ၅ ရက်၊နံနက်ပိုင်းက မန္တလေးမြို့ရှိ မန္တလေးလူထုနေရာတွင် ပြုလုပ်သောစာနယ်ဇင်းရှင်းလင်းပွဲတွင် ကျင်းပရေးကော်မတီထံမှသိရသည်။

 ဒီဇင်ဘာ ၁၀ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အခွင့်အရေးနေ့အထိမ်းအမှတ်ပွဲကို မန္တလေးမြို့ရှိ အရပ်ဖက်အဖွဲ့အစည်း(၁၄)ဖွဲ့မှ ပူးပေါင်းကာ နှစ် ၇၀ ပြည့်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားအဖြစ် မန္တလာသီရီဘောလုံးကွင်း၌ကျင်းပသွားမည်ဖြစ်ပြီး မန္တလေးမြို့ရှိ ဒေသခံများ ပူးပေါင်းပါဝင် လာစေရန်၊ပြည်သူလူထုမှ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေငြာစာတမ်းနှင့် လူ့အခွင့်အရေးဆိုင်ရာ သတင်းအချက်အလက်၊ဗဟုသုတများကိုသိရှိသွားစေရန်နှင့်မြန်မာနိုင်ငံ၏ ကဏ္ဍစုံ လူ့အခွင့်အရေးအခြေအနေ (အမျိုးသမီးအခွင့်အရေး၊မသန်းစွမ်းသူများအခွင့်အရေးစသည်ဖြင့်)များကို ပြည်သူလူထုမှ သတိပြုမိလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့်ပြုခြင်းဖြစ်ကြောင်းသိရသည်။

 "မန္တလေးမှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်ကျင်းပတာက ၂၀၁၂ ခုနှစ်ကတည်းကကျင်း ပလာတာဖြစ်တယ်။ ဒီနှစ်မှာဆိရင် ၇ ကြိမ်မြောက်ကျင်းပတာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့က နှစ် ၇၀ ပြည့်ဖြစ်တာကြောင့် အရင်နှစ်တွေနဲ့မတူဘဲ အများပြည်သူ ပိုမိုပါဝင်လာအောင် ကွဲပြားတဲ့အစီစဉ်တွေနဲ့ ဖျော်ဖြေရေးအစီစဉ်တွေပါထည့်သွင်းကျင်းပသွားမှာပါ။ စကားဝိုင်းဆွေးနွေးပွဲအဖြစ်လည်း လူ့အခွင့်အရေးအ တွက် ရပ်တည်ကြ ခေါင်းစဉ်နဲ့ဆွေးနွေးမှုလည်းပါဝင်မှာဖြစ်တယ်"ဟု အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပရေး ကော်မတီမှ ကိုရဲလင်းမော်က ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားတွင်လူငယ်များ၏ဖျော်ဖြေတင်ဆက်မှုများ၊ Stand up for human right ခေါင်းစဉ်ဖြင့် စကားဝိုင်းအစီအစဉ်များ၊တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုအစီအစဉ်များဖြင့် ၂၀၁၈ ခုုနှစ် ၊ ဒီဇင်ဘာ ၉ ရက်နေ့တွင် ညနေ ၄ နာရီမှ ည ၈ နာရီအထိ မန္တလာသီရိဘောလုံးကွင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆို လာရောက်ပါဝင်ဆင်နွဲနိုင်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly