ပြင်သစ်ပိုင် နယူး ကယ်လီဒိုနီးယား ဒေသမှာ အားပြင်းငလျင် လှုပ်ပြီး အရေးပေါ် ဆူနာမီသတိပေးချက် ထုတ်

ပြင်သစ်ပိုင် နယူး ကယ်လီဒိုနီးယား ဒေသမှာ အားပြင်းငလျင် လှုပ်ပြီး အရေးပေါ် ဆူနာမီသတိပေးချက် ထုတ်

ဒီဇင်ဘာ ၅ ။             ။ ပစိဖိတ်သမုဒ္ဒရာတွင်းက နယူး ကယ်လီဒိုနီးယား ဒေသအနီး ရေပြင်ကို ဗဟိုပြုပြီး ဒီဇင်ဘာ ၅ ရက်က ပြင်းအား ၇ ဒသမ ၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်သွားခဲ့လို့ အရေးပေါ် ဆူနာမီ ရေလှိုင်းသတိပေးချက်တစ်ရပ် ထုတ်ပြန်ထားခဲ့ရပါတယ်။

ယခုအခါ ဆူနာမီ အန္တရာယ်ကြောင့် ယင်းဒေသနေ ပြည်သူတွေ ဘေးလွတ်ရာကို အမြန်ဆုံး ရွှေ့ပြောင်းကြဖို့ကိုလည်း အာဏာပိုင်တွေက နှိုးဆော်နေရပါတယ်။

နယူး ကယ်လီဒိုနီးယား ဆိုတာကတော့ ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းဒေသတစ်ခုဖြစ်ပြီး ပြင်သစ်ရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ် ရှိနေတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

ယခုအခါ ငလျင်လှုပ်ပြီးနောက် ယင်းဒေသမှာ ဆူနာမီ လှိုင်းလုံးကြီးတွေ တက်လာနေတာကို စောင့်ကြည့်တွေ့ရှိခဲ့ရကြောင်း ပစိဖိတ် ဆူနာမီ သတိပေး စင်တာက ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ဘယ်နေရာမှာ တွေ့ရသလဲ ဆိုတာကိုတော့ အတိအကျ ပြောခြင်းတော့ မရှိပါဘူး။

နယူးဇီလန်နိုင်ငံရဲ့ မြောက်ဘက်မှာ ရှိတဲ့ နယူး ကယ်လီဒိုနီးယားရဲ့ ဒေသခံတွေဆီကို အရေးပေါ် ရွှေ့ပြောင်းကြဖို့ သတိပေး မက်ဆေ့ချ်တွေ ဝင်လာခဲ့တယ်လို့လည်း သိရပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ နယူးဇီလန် အာဏာပိုင်တွေကလည်း အလားတူ ငလျင်လှုပ်ပြီး ဆူနာမီ သတိပေးချက်တစ်ခု ထုတ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ချက်ချင်း ပြန်လည် ပယ်ဖျက်သွားခဲ့ပါတယ်။

ငလျင်ကြောင့် သေဆုံး ထိခိုက်ပျက်စီးမှု သတင်းတွေကိုတော့ ယခုလက်တလောမှာ ကြားသိရသေးခြင်း မရှိသေးပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly