ဂျိုးနက်စ်နှင့် ချိုပရာတို့၏ မင်္ဂလာဧည့်ခံပွဲကျင်းပ

ဂျိုးနက်စ်နှင့် ချိုပရာတို့၏ မင်္ဂလာဧည့်ခံပွဲကျင်းပ

ဒီဇင်ဘာ ၅ ။          ။ အိန္ဒိယ ရုပ်ရှင်မင်းသမီး ပရီယန်ကာ ချိုပရာနဲ့ အမေရိကန်အဆိုတော် နစ်ခ်ဂျိုးနက်စ်တို့ဟာ များမကြာမီကပဲ မင်္ဂလာဆောင်လိုက်ကြပြီဖြစ်ကြောင်း သိရှိရပါတယ်။

အသက် ၃၆ နှစ်အရွယ် ပရီယန်ကာ ချိုပရာ နဲ့ အသက် ၂၅ နှစ်အရွယ် နစ်ခ်ဂျိုးနက်စ်တို့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ၊ ၂ ရက်နေ့က အိန္ဒိယနိုင်ငံ၊ ဂျော့ရ်ပူမြို့ရှိ ယူမိတ်ဘဝန်နန်းတော်ကြီးမှာ အိန္ဒိယလူမျိုးတွေရဲ့ ထုံးတမ်းစဉ်လာနဲ့ အညီ မင်္ဂလာပွဲကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး အဆိုပါမင်္ဂလာစုံတွဲဟာ ဒီဇင်ဘာလ၊ ၃ ရက်၊ နယူးဒေလီမြို့မှာ ခရစ်ယာန်ဘာသာဝင်တွေရဲ့ ထုံးတမ်းစဉ်လာနဲ့အညီ မင်္ဂလာဆောင်ခဲ့ကြတာဖြစ်ပါတယ်။

၎င်းတို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို နှစ်ဖက်မိဘအသိုင်းအဝိုင်း၊ နစ်ခ်ဂျိုးနက်စ်ရဲ့ အစ်ကိုဖြစ်သူ ဂျိုးဂျိုးနက်စ်နဲ့ ၎င်းရဲ့ရည်းစား ဆိုဖီတန်နာတို့အပြင် အခြား နာမည်ကြီးအနုပညာရှင်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ချိုပရာနဲ့ နစ်ခ်ဂျိုးနက်စ်တို့ဟာ ပြီးခဲ့တဲ့ သြဂုတ်လ၊ ၁၈ ရက်မှာ စေ့စပ်ခဲ့ကြတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly