နိုင်ငံတော်သစ္စာဖောက်မှုကလွဲပြီး သမ္မတကို ဘယ်လိုပြစ်မှုမျိုးအတွက်မှ တရားစွဲမရတဲ့ ဖွဲ့စည်းပုံကို ပြင်ရေး မက္ကဆီကိုသမ္မတသစ် ပြော

နိုင်ငံတော်သစ္စာဖောက်မှုကလွဲပြီး သမ္မတကို ဘယ်လိုပြစ်မှုမျိုးအတွက်မှ တရားစွဲမရတဲ့ ဖွဲ့စည်းပုံကို ပြင်ရေး မက္ကဆီကိုသမ္မတသစ် ပြော

မက္ကဆီကိုစီးတီး၊ ဒီဇင်ဘာ ၅ ။          ။ မက္ကဆီကိုနိုင်ငံရဲ့ ဖွဲ့စည်းပုံဥပဒေအရ နိုင်ငံရဲ့ အကြီးအကဲကို နိုင်ငံတော်သစ္စာဖောက်မှုကလွဲလို့ ဘယ်လို့ရာဇဝတ်ပြစ်မှုမျိုးနဲ့မှ တရားစွဲဆိုခြင်း မပြုနိုင်ရန် တားမြစ်ထားတာကို ပြင်ဆင်ဖို့ လွှတ်တော်ကို တိုက်တွန်းသွားမယ်လို့ သမ္မတသစ် အန်ဒရီမန်နျူရယ်လိုပက်ဇ်အိုဘာရာဒိုက အင်္ဂါနေ့မှာ ပြောပါတယ်။

“ဦးဆုံးအနေနဲ့ အဲဒီ လွတ်ငြိမ်းခွင့်ပြုထားတဲ့ ဥပဒေကို အဆုံးသတ် ပယ်ဖျက်ဖို့ လွှတ်တော်ကို ကျွန်တော် တိုက်တွန်းနေပါတယ်။ ဖွဲ့စည်းပုံအရ ပြစ်ဒဏ်မခတ်ခံရတဲ့ ဥပဒေက အဆုံးသတ်တော့မှာပါ။ သမ္မတအနေနဲ့လည်း ရာဇဝတ်မှုအတွက် နိုင်ငံသားတွေနည်းတူ တရားစီရင်ခံရမှာပဲ ဖြစ်တယ်။”လို့ နံနက်ပိုင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်မှာ အိုဘရာဒိုက ပြောပါတယ်။

၁၉၁၇ ခုနှစ်ကစပြီး မက္ကဆီကိုမှာ နိုင်ငံအကြီးအကဲဟာ နိုင်ငံတော်သစ္စာဖောက်မှုအတွက်ပဲ တရားစွဲဆိုပြစ်ဒဏ်ချခံရတဲ့ ဥပဒေရှိလာခဲ့ကြောင်း၊ ဒီအတွက် အကျင့်ပျက်ခြစားမှုတွေအတွက် တာဝန်မခံရတာဟာ လက်ခံစရာ မရှိကြောင်း စနေနေ့ကမှ သမ္မတအဖြစ် တာဝန်စယူတဲ့ အိုဘရာဒိုက ပြောပါတယ်။

အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်တို့က လွှတ်တော်အမတ်တွေအနေနဲ့လည်း သမ္မတကို လွတ်ငြိမ်းခွင့်ပြုထားတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ထောက်ခံလိမ့်မယ်လို့ ယုံကြည်ကြောင်းပါ ၎င်းက ပြောခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly