အီတလီမာဖီးယားဂိုဏ်းခေါင်းဆောင်နဲ့အတူ ဂိုဏ်းသား ၄၆ ဦးကို ဖမ်းဆီး

အီတလီမာဖီးယားဂိုဏ်းခေါင်းဆောင်နဲ့အတူ ဂိုဏ်းသား ၄၆ ဦးကို ဖမ်းဆီး

ရောမ၊ ဒီဇင်ဘာ ၄ ။             ။ အီတလီရဲတပ်ဖွဲ့ဟာ စီဆီလီကျွန်းက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မာဖီးယားဂိုဏ်းခေါင်းဆောင်ဆိုသူနဲ့ အဲဒီ ရာဇဝတ်ဂိုဏ်းနဲ့ ချိတ်ဆက်ပတ်သက်မှု ရှိသူ ၄၆ ဦးကို အင်္ဂါနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အကြီးစား စစ်ဆင်ရေးနဲ့ စီဆီလီကျွန်းက ထိတ်ထိတ်ကြဲ မာဖီးယားဂိုဏ်းဖြစ်တဲ့ ကိုဆာနိုစတာရဲ့ ခေါင်းဆောင်သစ်လို့ ယူဆထားသူ အသက် ၈၀ အရွယ်ရှိ ဆတ်တီမိုမီနီယိုနဲ့ ဂိုဏ်းဝင်တွေလို့ ယူဆရသူ ၄၆ ဦးကို ဖမ်းဆီးခဲ့ရတာဖြစ်ကြောင်း ရဲဌာနက ထုတ်ပြန်ပါတယ်။

မီနီယိုဟာ ပါဂလီယာရီလီခရိုင်ရဲ့ အပိုင်းစားခေါင်းဆောင်ဖြစ်ပြီး မကြာသေးခင်ကမှ ဂိုဏ်းတစ်ခုလုံးရဲ့ ခေါင်းဆောင်အဖြစ် ခန့်အပ်ခံရတာလို့ ရဲသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကျောက်မျက်ရတနာဆိုင် ပိုင်ရှင်တစ်ဦးဖြစ်တဲ့ မီနီယိုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ဂိုဏ်းခေါင်းဆောင် ဆယ်ဗာတိုရီ သေဆုံးပြီးနောက်မှာ ကိုဆာနိုစတာ မာဖီးယားဂိုဏ်းရဲ့ အကြီးအကဲ ဖြစ်လာတာလို့ ဌာနေမီဒီယာတွေက ဖော်ပြပါတယ်။

ရဲတွေကိုယ်တိုင်ကလည်း ဒီ မာဖီးယားဂိုဏ်းဟာ သုံးနှစ်အတွင်း ပထမဆုံး အစည်းအဝေးခေါ်ခဲ့ပြီးနောက်မှာ မီနီုယိုကို ဂိုဏ်းရဲ့ ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်တာလို့ ဆိုကြပါတယ်။

သူနဲ့အတူ ဖမ်းဆီးထားသူ ၄၆ ဦးကိုလည်း မာဖီးယားဂိုဏ်းဝင်ဖြစ်ခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်းနဲ့ တရားမဝင် လက်နက်ကိုင်ဆောင်မှုတွေနဲ့ စွဲဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly