ကျောက်တင်ရထားလမ်းချော်မှုကြောင့် ခရီးသည်များအား လူထုမိတ်ဆွေယာဉ်လိုင်းမှ ကူညီပို့ဆောင်ပေးခဲ့

ကျောက်တင်ရထားလမ်းချော်မှုကြောင့် ခရီးသည်များအား လူထုမိတ်ဆွေယာဉ်လိုင်းမှ ကူညီပို့ဆောင်ပေးခဲ့
ဓာတ်ပုံ- လူထုမိတ်ဆွေ အများပိုင်ကုမ္ပဏီ

ရန်ကုန်၊ ဒီဇင်ဘာလ ၄ ။            ။ ရန်ကုန်- ပြည် ရထားလမ်းပိုင်း၊ မှော်ဘီဘူတာတွင် ကျောက်တင်ရထားတစ်စီး လမ်းချော်မှုဖြစ်ပွားခဲ့ခြင်း ကြောင့် ပြည်- ရန်ကုန်(၇၂) အစုန်ရထားပေါ်မှ ခရီးသည် ၃ဝဝ ကျော်အား လူထုမိတ်ဆွေယာဉ်လိုင်းမှ ရန်ကုန်ဘူတာကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကျောက်တင်ရထားလမ်းချော်မှုကို ဒီဇင်ဘာလ ၄ ရက်၊ နံနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရထားလမ်းချော်ခဲ့ခြင်းကြောင့်  ပြည်- ရန်ကုန်(၇၂) အစုန်ရထားမှာ ခရီးစဉ်နှောင့်နှေးမှု ကြုံတွေ့ နေရသဖြင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများက အနီးရှိယာဉ်လိုင်းအား ညှိနှိုင်းအကြောင်းကြားခဲ့သည့်အတွက် ထိုသို့ ကူညီပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း လူထုမိတ်ဆွေ အများပိုင်ကုမ္ပဏီမှ သိရသည်။

 “ ခရီးစဉ်နှောင့်နှေးနေတဲ့ ခရီးသွားတွေကို ကျွန်တော်တို့က ရန်ကုန်ဘူတာကြီးကို ပို့ပေးတာ။ ကားလေးစီးနဲ့ ပို့ပေးလိုက်တယ်။ အဆင်ပြေသွားကြပါတယ်”ဟု လူထုမိတ်ဆွေ အများပိုင် ကုမ္ပဏီမှ ဦးသက်တင်ဝင်းက မဇ္စျိမသို့ ပြောသည်။

လူထုမိတ်ဆွေယာဉ်လိုင်းမှ ယာဉ် ၄ စီးဖြင့် ရထားစီးခရီးသည် ၂၉၆ ဦးနှင့် ဝန်ထမ်း ၁၅  ဦးတို့အား ရန်ကုန် ဘူတာကြီးသို့ လိုက်ပါကူညီပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly