အတက်ရောဂါ . . ဘာကြောင့်ဖြစ်တာလဲ . . ဘယ်လိုကာကွယ်မလဲ - အပိုင်း (၂)

By ကိုမျိုးသန့်(မဇ္စျိမ)
04 December 2018
အတက်ရောဂါ . . ဘာကြောင့်ဖြစ်တာလဲ . . ဘယ်လိုကာကွယ်မလဲ - အပိုင်း (၂)

မင်္ဂလာပါ မဇ္စျိမပရိသတ်များခင်ဗျား။ ကျွန်တော်တို့ရဲ့ 4R Health Talk အစီအစဉ်ကနေ ကြိုဆိုပါတယ်ခင်ဗျား။   ကျွန်တော်တို့ ဆွေးနွေးသွားမယ့် အကြောင်းအရာကတော့ အတက်ရောဂါနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုကာကွယ်သင့်သလဲ၊ ဘာကြောင့်ဖြစ်တာလဲ - အပိုင်း ( ၂ )ကို ဦးနှောက်နဲ့အာရုံကြောအထူးကု ဆရာဝန်ကြီး ဆရာကြီးဦးဉာဏ်ထွန်း ၊ WHO ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Dr . Stephan Paul Jost နဲ့ 4 R Consultancy . Ravindra Jain တို့နဲ့အတူ ဆွေးနွေးသွားမှာဖြစ်ပါတယ်။  

မေး ။    ။ အတက်ရောဂါနဲ့ ပတ်သက်ပြီးတော့ W.H.O အနေနဲ့  မြန်မာနိုင်ငံမှာ ဘာတွေလုပ်နေပါသလဲ ။

ဖြေ (Dr . Stephan Paul Jost ) ။ ။ အတက်ရောဂါ က အင်မတန်မှ ကမ္ဘာပေါ်မှာ ဝန်ထုတ်ဝန်ပိုးနဲ့   ရောဂါတစ်ခုဖြစ်တယ် လူတွေရဲ့ အသိစိတ်ဓာတ် awareness ပိုမြှင့်ဖို့ လိုတယ်။ အထူးသဖြင့် ဗမာပြည်မှာလိုအပ်နေတယ် ဆိုတာသိတယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာပေါ်မှာ တစ်ချို့ ဝင်ငွေနည်းတဲ့ နိုင်ငံတွေမှာ ၇၅ရာခိုင်နူန်းက မှန်ကန်တဲ့ ဆေးကုသမှု မရတဲ့ အတွက်ကြောင့် မြန်မာပြည်မှာလည်း အရင်ကလုပ်ခဲ့တဲ့ အတွေ့အကြုံ အရ နောက်ထပ်လုပ်ဖို့ လိုအပ်ပါသေးတယ်။ နောက်ပြီးတော့ ဆေးကုသမှုခံယူရတဲ့ လူနာတွေက နည်းနေသေးတယ်။ ဥပမာ အယောက်တစ်ရာမှာ တစ်ရာလုံးမကုသခံရဘဲ နှစ်ဆယ့်ငါးယောက် လောက်ပဲ ကုသခံရတယ်။ အဲ့ဒီအတွက်ကြောင့် မကုသရတဲ့ လူနာပေါင်း ၇၅ ရာခိုင်နှုန်းလောက် ဖြစ်နေတယ်။ အဲ့ဒါကို နည်းနိုင်သမျှနည်းအောင် ဆိုပြီးတော့ ရည်ရွယ်ပြီး ၂၀၁၃ ကစနေပြီးတော့ W.H.O. ကနေဦးစီးပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူပေါင်းပြီးတော့ ကျွန်တော်တို့က စတင် ဆောင်ရွက်ခဲ့တယ်။ တစ်ဖြည်းဖြည်းနဲ့ပေါ့နော်၊ ဥပမာ training ပေးတယ်။ physician တွေ၊ နောက် အထူးကုဆရာဝန်တွေကနေတစ်ဆင့်၊ နောက်တစ်ဆင့် အခြေခံကျန်းမာရေးဝန်ထမ်း နောက် volunteer hard worker တွေ ၊နောက်လူထုကျန်းမာရေး အခြေပြုလုပ်သား ဝန်ထမ်းတွေကို training ပေးတယ်။ ပေးရတဲ့ အကြောင်းရင်းဆိုတာက ဟိုးအောက်ခြေကနေစပြီးတော့ family care ပေါ့။ အခြေခံပဏာမ ကျန်းမာရေးစောင့်ရှောက်မှုလုပ်နေတဲ့ အောက်က Label ကနေပြီးတော့မှ လူနာတွေကို ဖော်ထုတ်နိုင်မှ ဆေးကို မှန်မှန်ရမယ်၊ အဲ့ဒီတော့  အဲ့ဒီအောက်ခြေမှာ လူနာတွေဘယ်နှစ်ယောက်ရှိမှန်း ဘယ်သူမှမသိဘူး။ အဲ့ဒီအတွက် ဖော်ထုတ်ဖို့တာဝန်က အခြေခံ ကျန်းမာရေးဝန်ထမ်းတွေကနေပြီးတော့ပဲ နေ့စဉ် ကွင်းဆင်းတယ် တွေ့တယ်၊ တွေ့တဲ့နေရာ ဖော်ထုတ်ပြီးမှ ဆေးကိုမှန်မှန်ပေးနိုင်မှ ရမယ့်အတွက်ကြောင့် ကျွန်တော်တို့က ဒီအရာကို ကြိုးစားပြီးတော့လုပ်တာ၊ အခုနောက်ပိုင်း ဒီ ၁၂ မြို့နယ်မှာမှ တော်တော်လေး အောင်မြင်တဲ့ အတွက်ကြောင့် နောက်ထပ် ရှေ့ဆက်လုပ်ဖို့ အစီအစဉ်တွေ ဆွဲထားတာဖြစ်ပါတယ်။

(ဆရာဝန်ကြီးဦးဉာဏ်ထွန်း)။  ။ကျွန်တော်တို့ ပြီးခဲ့တဲ့ အတက်ရောဂါ စီမံချက် ၁၂ မြို့နယ်နဲ့ လုပ်တဲ့နေရာမှာ တော်တော်လေး အောင်မြင်ခဲ့တယ်၊ နောက် donor တွေအနေနဲ့လည်း ကျေနပ်တယ်၊ လူနာတွေအများကြီးကိုလည်း ကုသမှုပေးခဲ့တယ်၊ ကျွန်တော်တို့ အောင်မြင်ခဲ့တယ်ဆိုတာက ဒီပညာရေးနဲ့ ပတ်သက်လို့ လေ့ကျင့်သင်ကြားပေးရမယ့်  Manual ပေါ့၊ လက်စွဲစာအုပ်တွေထုတ်နိုင်တယ်၊ ဥပမာ primary care ဆရာဝန်တွေအတွက်ဆို အင်္ဂလိပ်လို၊ basic ကစလို့ မြန်မာလို၊ Second edition ထိ ထုတ်ထားပြီးဖြစ်တယ်၊ နောက်ဆုံး National  framework for apoplexy care  တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ primary care ၊ secondary care ၊ apoplexy care  ကို ဘယ်လိုစောင့်ရှောက်မယ် ဆိုတာ WHO ဆိုတဲ့့ အကူအညီနဲ့ ကျွန်တော်တို့ ဝန်ကြီးဌာနမှ အသိအမှတ်ပြုပြီးတော့ လုပ်ထားပြီးဖြစ်ပါတယ်၊ အဲ့ဒါကြောင့်မို့လို့ ကူညီပေးတဲ့ ဒိုနာ အလှူရှင်တွေနဲ့လည်း ကျေနပ်တဲ့ အတွက်ကြောင့် နောက်ထပ်တော့ လုပ်ဖို့လိုသေးတယ် ထင်လို့ ကျွန်တော်တို့ နောက်ထပ် အခုကျွန်တော်တို့ လုပ်ပြီးတာ ၂၀၁၃ ကနေ ၂၀၁၇ ခုနှစ် ၊ ၅ နှစ်အတွင်းမှာ အောင်မြင်ထားတဲ့ report ကို လာမယ့်် နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ကျွန်တော်တို့ ဒီ report ကိုတင်မယ် ၊  W.H.O က ဧည့်သည်တွေလည်းလာမယ်၊ နေပြည်တော်မှာ လုပ်ပြီးတော့ အဲ့ဒီဟာကို ကျွန်တော်တို့ တင်ပြပြီးတော့ နောက်ထပ် ရှေ့ဆက်လုပ်မယ့် အစီအစဉ်ကိုလည်း တင်ပြမယ်။ ရှေ့ဆက်လုပ်မယ့် အစီအစဉ်တွေမှာ ကျွန်တော်တို့ ပထမလုပ်နေတာက သင်တန်းပေးတာက ဗဟိုအဆင့်ကနေ အဖွဲ့ကနေပဲ ရန်ကုန်ဆေးရုံကြီး ဒေါ်ဝင်းမင်းသစ်တို့ ဦးဆောင်တဲ့့ ဦးနှောက်နဲ့ အာရုံကြော အဖွဲ့ရယ်၊ ကျွန်တော်တို့ အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ စာထပ်သင်ရတယ်၊ တစ်မြို့နယ် နှစ်မြို့နယ်ကို သွားတော့ ပြည့်စုံလုံလောက်မှုမရှိဘူး။ အချိန်တို အတွင်း မြန်မြန်မရနိုင်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ သင်တန်းပေးတဲ့ ပုံစံကို ပြောင်းလိုက်တယ်၊ ဥပမာ ကျွန်တော်တို့က ဗဟိုအဆင့်ကနေပြီးတော့ specialist တွေ ရှိတယ် specialist ဆိုတာ general physician ရှိတယ်။ neurologist   အငယ်တွေရှိတယ်၊  ကလေးဆရာဝန်ရှိတယ်၊ စိတ်ကျန်းမာရေးအထူးကု ဆရာဝန် တွေရှိတယ်၊ နောက်ပြီးတော့ သက်ဆိုင်ရာ ပြည်နယ် နဲ့ တိုင်းမှာ သင်ကြားရေး ဆရာဝန်က အဖွဲ့တွေ ရှိတယ်၊ အဲ့ဒါတွေကို ကျွန်တော်တို့က ရန်ကုန်ဆေးရုံကြီးမှာ central အနေနဲ့ သူတို့ကို သင်တန်း နည်းပြအနေနဲ့ သင်ပေးတယ်။ သူတို့ကနေတစ်ဆင့် ဘာလည်းဆိုတော့ ပြည်နယ်နဲ့ တိုင်းမှာ ကျတော့ နောက်ထပ် ဆရာဖြစ် သူတို့က ဖြစ်သွားပြီ။ နောက်ထပ်မြို့နယ်မှာ သင်မယ့် သင်တန်းနည်းပြတွေကို နောက်ထပ်ပေးတယ်၊ ပေးတဲ့အတွက်ကြောင့် ကျွန်တော်တို့က ဘာအကျိုးကျေးဇူးရှိလဲ ဆိုတော့ မြို့နယ်ချင်းကို ကျွန်တော်တို့ ဗဟိုက ဆင်းစရာမလိုဘူး။ မြို့နယ်ကျရင် ပြည်နယ်မှာ သင်ထားပြီးသားဖြစ်တဲ့ နည်းပြတွေရဲ့ မြို့နယ်အတွက် သင်မယ့်ဟာတွေကို ပေးတယ်ဆိုတော့ အခုကျွန်တော်တို့ မွန်ပြည်နယ်ဆို ဒီနှစ်မှ စလုပ်မယ်၊ မွန်ပြည်နယ်မှာ ၁ဝမြို့နယ်ရှိတာက ကျိုက်ထိုနဲ့ သထုံက ပြီးခဲ့တဲ့၂၀၁၅ မှာလုပ်ထားပြီးသား၊ ကျန်တဲ့ ၈မြို့နယ် အတွက်ကို တစ်ပြိုင်နက် လုပ်လို့ ရအောင်အတွက် ကျွန်တော်တို့ ပြီးခဲ့တဲ့လကဆိုရင် ဘီးလင်းနဲ့ ချောင်းဆုံမှာ လုပ်လိုက်ပြီ၊ ဒါက ကျွန်တော်တို့ ဗဟိုက သွားပြီးတော့ ကူညီရုံပဲရှိတယ်၊ သူတို့ကို သင်တန်းပေးထားတဲ့့ လူလည်း သူတို့က ပြီးပြီ၊ အဲ့ဒါမှ နောက်ဆိုရင် တစ်ခါတည်း ဒီနှစ်အတွင်းမှာ မွန်ပြည်နယ် တစ်ခုလုံးကို လွှမ်းခြုံတဲ့ သင်တန်းပေးမယ်၊ သင်တန်းပေးပြီးတဲ့ အခါကျလို့ရှိရင် လူနာတွေကိုလည်း အားလုံး ထိထိရောက်ရောက် ကုသမှုပေးတဲ့နေရာမှာ မပျက်ဘူး၊ ပညာရေးကအစ နောက်တစ်နှစ်ဆိုရင် တစ်ခါကျွန်တော်တို့က ကရင်ပြည်နယ် နဲ့ ကယားပြည်နယ်ကို ကျွန်တော်တို့ သတ်မှတ်ထားတယ်။ နောက်တစ်နှစ်ကျတော့ ပဲခူးတိုင်း နောက်ဆုံးက ဧရာဝတီလို့ထင်တယ်။ အဲ့ဒီလို သတ်မှတ်ထားတဲ့ အတွက်ကြောင့် ကျွန်တော်တို့က ဒီလေးနှစ် အတွင်းမှာ အားလုံးပေါင်းက ၈၇ မြို့နယ်လောက်တော့ ပြီးသွားမယ်လို့ ထင်တယ်၊ အတိအကျတော့ ကျွန်တော်လည်း ကောင်းကောင်းမမှတ်မိလိုက်ဘူး၊ ဘာလို့ဆိုတော့ တစ်ချို့ မြို့နယ်၊ ဧရာဝတီတိုင်းမှာဆိ်ု ကျွန်တော်တို့ ညောင်တုန်းပြီးသွားပြီ၊ ပန်းတနော် ပြီးသွားပြီ၊ ပဲခူးတိုင်းမှာဆိ်ုရင် ညောင်လေးပင် ပြီးသွားပြီ။ မွန်ပြည်နယ်မှာ သထုံနဲ့ ကျိုက်ထို ပြီးသွားပြီ။ စစ်ကိုင်းတိုင်း ပြီးတယ်၊ တောင်ကြီးပါတယ်။ အခုဆိုရင် ကျွန်တော်တို့ နောက်ဒီလေးနှစ် ပြီးသွားတဲ့ အချိန်ကျရင် ဧရာဝတီတိုင်းရယ်၊ ပဲခူးးတိုင်းရယ်၊ ကယားရယ်၊ ကရင်ရယ်၊ မွန်ပြည်နယ် မြို့နယ် အကုန်လုံးကို ကျွန်တော်တို့ သင်တန်းပေးပြီးသား ဖြစ်ပြီးတော့ ဒီအတက်ရောဂါ လူနာအားလုံးကိုလည်း ကုသမှုရဖို့ အတွက်ကို ဖြစ်လာပြီ။ အဲ့ဒီလိုအတွက်ကြောင့် ကျွန်တော်တို့ အရင်တုန်းက စခဲ့တဲ့ဆေးကုသမှုက အရင်တုန်းကဆို ၂ ရာခိုင်နှုန်းပဲရှိတာ၊ အခုဆိုရင် ၅ဝရာခိုင်နှုန်းအထိ ရှိလာပြီ၊ လူနာအသစ်တွေ အများကြီး တွေ့လာတယ်။ နောက် သင်တန်းတွေလည်း အများကြီးပေးတဲ့ အတွက်ကြောင့် ဆေးကုသမှုရတဲ့ လူနာတွေလည်း ပိုပြီးတော့ တိုးလာတယ်။

မေး။ ။ ကျန်းမာနေတဲ့ လူတစ်ယောက်ကတော့ ရုတ်တရက် apoplexy ရနိုင်သလား ။

ဖြေ။ ။ ကျန်းမာနေတဲ့ လူနာတစ်ယောက်ကတော့ ရုတ်တရက်ကတော့ apoplexy တော့ မရနိုင်ဘူး။   ဘယ်လိုဖြစ်လဲဆိုတော့ လူတစ်ယောက်က၊ စိတ်ဖိစီးမှုသိပ်များတယ်၊ အိပ်ရေးပျက်များတယ်၊ ကြားဖူးလားမသိဘူး ကမ္ဘာ့ဘောလုံးပွဲ တစ်ခုမှာ ကျွန်တော်ခုနှစ်တော့ မမှတ်မိတော့ဘူး၊ ဘရာဇီးက ရှေ့တန်းတိုက််စစ်မူး ရော်နယ်ဒိုက မနက်ဖြန် သူဖိုင်နယ်ပွဲကို ကန်ရမှာဆိုတော့ သူ့မှာstress  ကအရမ်းများတယ်၊ သူ့ရဲ့နိုင်ချင်စိတ်က များတော့ သူ့နိုင်ငံအတွက် ဖလားယူပေးချင်တယ်၊  အိပ်ရေးပျက်တဲ့အတွက်ကြောင့် အဲ့ဒီမှာ တက်တယ်  ဒါက  apoplexy မဟုတ်ဘူး၊ accuse symptomatic apoplexy  ဆိုတော့  လတ်တလော အခြေခံအကြောင်းအရင်းက stress  ၊ သူ့ရဲ့ စိတ်ဖိစီးမှု နှင့် အိပ်ရေးပျက်တဲ့အတွက်ကြောင့် တက်တယ်၊ ဒါပေမယ့် သူသည် apoplexy မဟုတ်ဘူး။ တက်တာက ခဏတစ်ဖြုတ်တက်တယ်။ လောလောဆယ် တက်တာကိုတော့ ကုစရာလိုတယ် ဒါပေမယ့် ရေရှည်အနေနဲ့ apoplexy အတက်ရောဂါနဲ့တော့ သတ်မှတ်ပြီး ကုရန်မလိုဘူး။

မေး။ ။ အဖေနဲ့ အမေ နှစ်ယောက်လုံး ဒီအတက်ရောဂါဖြစ်နေရင် သားသမီးတွေမှာလည်း ဖြစ်နိုင်သလား၊ မျိုးရိုးနဲ့ရော ဆိုင်ပါသလား။

ဖြေ။ ။   အဖေနဲ့ အမေမှာ နှစ်ယောက်လုံး ဖြစ်ရင်တော့ ဖြစ်နိုင်တယ်။ ဒါပေမယ့် နည်းပါတယ် ၊ ၄၀ ရာခိုင်နှုန်း လောက်တော့ ရှိတယ်။ နှစ်ယောက်လုံးဖြစ်ရင်တော့ ပိုများတယ်။ တစ်ယောက်တည်းဖြစ် ရင်တော့ နည်းတယ်။ အဖေမှာဖြစ်ရင်တော့ ပိုများတယ်၊ အမေမှာ ဖြစ်ရင်တော့ နည်းတယ်။ ဒါပေမယ့်   အဖေအမေမှာ ဖြစ်တာထက်စာရင် သူ့ရဲ့ မောင်နှမမှာ ဖြစ်လို့ရှိရင် နောက်တစ်ယောက်မှာ ဖြစ်ဖို့ အတွက် ၅၀ ရာခိုင်နှုန်း လောက်တော့ရှိတယ်။

ဖြေ ။  ။ Infection ကြောင့်ဖြစ်တာပေါ့လေ။ Infection ဆိုတာတော့ တုတ်ပြားကောင်ပေါ့၊ ဝက်ကနေတစ်ဆင့် ကူးတဲ့ဟာ၊ အဲ့ဒါ ကျွန်တော်တို့ဆီမှာလည်း တွေ့တော့ တွေ့တယ်၊ ဒါပေမယ့် လူတွေက သတိမထားကြဘူး သေချာမချက်ဘူး။ ဒါပေမယ့် ဘယ်နေ့ ဘယ်ချိန်မှ တွေ့တယ်ဆိုတာတော့ တက်တဲ့လူနာကို ကျွန်တော်တို့က ဘာကြောင့်တက်လဲဆိုတာ ရှာဖွေလိုက်တယ်၊ ဓာတ်မှန်ရိုက်တယ်။ ဓာတ်မှန်ရိုက်တဲ့အခါ သူက  MRI တစ်ခုပဲရိုက်လို့ရတယ်။  ရိုက်တဲ့အခါကျမှ သူရဲ့ အစက်အပြောက်လေးတွေပေါ့   တွေ့တယ်အခါကျမှ အဲ့ဒါ ဆစ်စတီဆာကိုးစစ် လို့ခေါ်တယ်။ ကျွန်တော်တို့ ဆီမှာတော့ ရှိတော့ရှိတယ် သိပ် comment တော့ မဖြစ်ဘူး။ ရှားတော့လည်းမရှားဘူး၊ ဒါပေမယ့် သူများနိုင်ငံမှာကျတော့ ပိုပြီးတော့ အတွေ့များတယ်။ ဒါက ကျွန်တော်တို့ကလည်း Data မပြုစုထားတော့လည်း နည်းကောင်းလည်း နည်းလာတာလည်းဖြစ်မယ်။ တောတွေမှာ ဖြစ်နေတာလည်း မသိတာလည်းဖြစ်နိုင်တယ်။ ဘာလို့ဆိုတော့ ဒါတွေက ဖြစ်တယ် ဆိုရင် MRI ရိုက်ရတယ် သံလိုက် ဓာတ်မှန်၊ သံလိုက် ဓာတ်မှန်ရိုက်ဖို့ဆိုတာ ကုန်ကျစရိတ်က မနည်းဘူး၊ ဥပမာ အသက် နှစ်ဆယ်ကျော်မှ တက်တဲ့ လူနာတစ်ယောက်ကို ငယ်ငယ်က တက်တာ မဟုတ်ဘူးဆိုရင် ခေါင်းထဲမှာ သံသယဖြစ်ဖွယ်ရာ ရောဂါတစ်ခုရှိတယ်လို့ထင်ရင် ဓာတ်မှန်ရိုက်ဖို့ အတွက် MRI ကအကောင်းဆုံးပဲ။ MRI ရိုက်ဖို့အတွက်က ရိုးရိုး CT ထက်စာရင် နှစ်ဆသုံးဆလောက် ပိုကုန်တဲ့ အတွက်ကြောင့် လူတိုင်းမရိုက်နိုင်ဘူး။  ဒါတွေကို သိတယ်ဆိုရင် ကျွန်တော်တို့က ဝက်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကောင်းမွန်စွာချက်ပြုတ်စားသောက်မယ်ဆိုရင် ဒါ Infection  ကိုကာကွယ်လို့ရတယ်။ ကျွန်တော်တို့ဆီမှာ ကလေးတွေမှာ တော်တော်လေး ဒုက္ခရောက်တတ်တယ်။ တက်တဲ့အပြင် လူကြီးတွေက တောင့်တင်းပြီးတော့ တစ်ခါ ခန္ဓာကိုယ်ကြည့်မကောင်းအောင် ဖြစ်တတ်တယ်။  ဒါတွေကလည်း ဖြစ်တတ်တဲ့ရောဂါကိုးခုထဲမှာ တစ်ခုအပါအဝင် ဖြစ်တယ်ပေါ့။ နောက်တစ်ခုက head traumor ပေါ့။ head traumor မှာက အခု ကျွန်တော်တို့ မြန်မာပြည်က လမ်းပေါ်မှာကြည့်လိုက်ရင် ဆိုင်ကယ်၊ စက်ဘီးစီးကြတာကို ဦးထုပ်မဆောင်းကြဘူး၊ ဦးထုပ်မဆောင်းတဲ့အတွက်ကြောင့် အလွယ်တကူ ခေါင်းဒဏ်ရာရတယ်။ ခေါင်းဒဏ်ရာရပြီးရင်   ဆိုးကျိုးက အသက်အန္တရာယ်ရှိတယ်၊ ဆိုးဆိုးဝါးဝါးမဖြစ်ရင် သူခေါင်းဒဏ်ရာရတယ် ချက်ချင်းတော့ တက်ချင်မှ တက်မယ်၊ နောင်ကြာတဲ့အခါကျရင် သူ့အထဲမှာထိခိုက်တဲ့  ဒဏ်ရာဒဏ်ချက်က ဘယ်လောက်ကြီးလဲ၊ အဲ့ဒီဒဏ်ရာဒဏ်ချက်က နောင် ခြောက်လဖြစ်ဖြစ်၊ တစ်နှစ်ဖြစ်ဖြစ် တက်နိုင်တယ်။ ဒါ လူတိုင်းတော့မဟုတ်ဘူး တက်နိုင်တယ်။ ဆိုတော့ ဒါတွေကိုလည်း ကာကွယ်လို့ရတယ်။ ဥပမာ ဒါမဖြစ်အောင် ဒီ ဦးထုပ်လေးဆောင်းမယ်၊ ဆိုင်ကယ်စီးရင် အန္တရာယ်ရှိနိုင်တဲ့ဟာကို ကြိုတင်ကာကွယ်လို့ ရတဲ့ဟာပေါ့နော်။ ခုနပြောတဲ့ ဒီ genetic  ပေါ့။ genetic နဲ့ပတ်သက်လို့ သူများနိုင်ငံမှာကျတော့ သူတို့ ဖြစ်ဖို့အလားအလာရှိတဲ့ လူဆိုရင် genetic testing ၊ ကိုယ်ဝန်ထဲမှာရှိတဲ့ ကလေးကအစ genetic testing လုပ်လို့ရတယ်။ ကျွန်တော်တို့မှာ လုပ်ရတဲ့အနေအထားမရှိဘူး။ အကယ်၍ လုပ်လိုက်လို့ ဒီကလေးမှာ အတက်ရောဂါ ပါနိုင်တယ်၊ မွေးရာပါ ချို့ယွင်းချက်၊ အင်္ဂါမစုံ ပါလာနိုင်တယ်ဆို သူက ဒါကို တရားဝင် မယူလို့ရတယ် ကလေးကို ။ ကျွန်တော်တို့မှာ အဲ့ဒီလောက်ထိ မဖြစ်နိုင်သေးတဲ့ အတွက်ကြောင့်၊ ကလေးကမွေး လာပြီးမှ ဒီကလေးကို ကိုယ့်ကလေးဆိုတော့ ချို့ယွင်းချက်ပါလည်း ကျွန်တော်တို့ ပြုစုစောင့်ရှောက်ရ တယ်ဆိုတော့၊ အဲ့ဒီအားနည်းချက် ကာကွယ်နိုင်တာ ဥပမာ မွေးတဲ့အချိန်မှာ ဆွဲထုတ်တဲ့နေရာမှာ ခေါင်းဒဏ်ရာရတာတို့၊ အချိန်ကြာသွားတဲ့အခါကျရင် ဦးနှောက်ထဲသွေးရောက်တာနည်းသွားလို့ ကလေးမှာ ဒုက္ခရောက်၊ အဲ့ဒါမျိုးတွေက တက်တတ်တာပေါ့လေ။

မေး။ ။ တက်တဲ့လူနာတွေကို ဆေးကုသပေးရင် ၁၀၀ ရာခိုင်နှုန်း ပြန်ကောင်းတာရှိသလား ။

ဖြေ။ ။ အဲ့ဒါကတော့ တက်တာကတော့ ၁၀၀ ရာခိုင်နှုန်း ကောင်းတယ်ဆိုတာတော့ မရှိဘူး။ ဒါပေမယ့် ၇၂ ကနေ ၈၀ ရာခိုင်နှုန်းက ထိန်းနိုင်တယ်။ တက်တာကို control လုပ်နိုင်တယ်။ တစ်ချို့တွေကျတော့ အဲ့ဒီ ၇၂ ကနေ ၈၀ ရာခိုင်နှုန်းထဲမှာ ၆၀ ရာခိုင်နှုန်းက လုံးဝတစ်သက်လုံးဆေးမသောက်ရတာတွေ ရှိတယ်၊ လုံးဝကောင်းသွားပြီ၊ တစ်ချို့ကျတော့ ဆေးဖြတ်ပြီး တစ်နှစ်အတွင်းမှာ ပြန်ဖြစ်နိုင်တာတွေ ရှိတယ်။ ဒါကလည်း သူဖြစ်တဲ့ အကြောင်းရင်းပေါ်မှာ မူတည်တယ်၊ နောက် သူစဖြစ်တုန်းက ဘယ်လောက်ထိ ဆိုးဆိုးဝါးဝါးဖြစ်တယ်၊ ဖြစ်ရတဲ့အကြောင်းရင်းက ဘယ်လောက်ဆိုးတယ်၊ နောက်တစ်ခု သူသောက်တဲ့ဆေးက ဘယ်လောက်ထိများများသောက်ရတယ်၊ သူစဖြစ်တဲ့အချိန်မှာ သူ့ကို ဓာတ်မှန်ရိုက်လိုက်တဲ့အချိန်မှာ ဘာများ အခက်အခဲရှိလဲ၊ ဘာမှ အခက်အခဲမရှိဘူး ဘာမှ ဆိုးဆိုးဝါးဝါးမတွေ့ရင်တော့ ပုံမှန်အားဖြင့်ကတော့ ၇၀ ၊ ၈ဝရာခိုင်နှုန်းက လူတန်းစေ့ နေနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့က ဆေးပေးထားတဲ့ လူနာတစ်ယောက်ကို ဘယ်အချိန်မှာ ဆေးဖြတ်မလဲ ဆိုတာ အရေးကြီးပါတယ်၊ ဘာလို့ဆို ဒီလူနာတွေက   ဆေးမှန်မှန်သောက်ဖို့ လိုတာကိုး။ ဆေးမှန်မှန်မသောက်ဘူး ဆိုတာနဲ့ တက်ဖို့ကဖြစ်မယ်။

မေး။ ။ အတက်ရောဂါဟာ အစားအသောက်နဲ့ရော ဆိုင်ပါသလား ။

ဖြေ။ ။ အဲ့ဒီနေရာမှာ အစားအသောက်နဲ့ကတော့ သိပ်မဆိုင်ဘူး၊ အနေအထိုင်ကတော့ ဆိုင်တယ်၊ Lifestyle နဲ့၊ အစားအသောက်က အဓိကမကျဘူး။ အနေအထိုင်ဆိုတာ အိပ်ရေးမပျက်ဖို့ အရေးကြီးတယ်၊ အိပ်ရေးပျက်တယ်၊စိတ်ဖိစီးမှုများတယ် စိုးရိမ်စိတ်များရင်တော့ တက်ခြင်းကို လှုံ့ဆော်စေတယ်၊ တက်တာကို ပိုဆိုးစေတယ်၊ ဥပမာ အတက်ရောဂါမရှိတဲ့ လူတောင်မှ တက်နိုင်သလိုပေါ့၊ အခုခေတ်မှာဆိုရင် တော်တော်များများက Telephone နဲ့ ပတ်သက်ပြီးတော့ ဂိမ်းကစားတယ် Facebook ကြည့်တယ် ကြည့်တဲ့ အခါကျတော့ Telephone တို့ ဂိမ်းတို့ထက်စာရင် ဒါကိုကြည့်တာများတဲ့ အတွက်ကြောင့် အဲ့ဒီအပေါ်မှာ stress ကများတယ်၊ အိပ်ရေးက အဓိကပျက် တယ်။ physical stress ၊  mental stress   လူအားဖြင့်လည်း ပင်ပန်းတယ်၊ စိတ်အားဖြင့် ပင်ပန်းတဲ့အတွက်ကြောင့် အိပ်ရေးကလည်း ထပ်ပျက်တဲ့ အတွက်ကြောင့် တက်တာကို ပိုဆိုးတယ်။ အဲ့ဒီလိုမျိုးကျတော့ တစ်ခါတစ်လေ တက်တတ်တယ်၊ ဒါပေမယ့် အဲ့ဒီလိုတက်တာမျိုးက အတက်ရောဂါ မဟုတ်သေးဘူး။ ဒါတွေကို ဆင်ခြင်လိုက်ရင် တက်ချင်မှ တက်တော့မယ်၊ ဆိုတော့ အစားအသောက်နဲ့ မဆိုင်ဘူး၊ ခုနပြောတဲ့ ဥပမာ အခုဖြစ်နေကြတဲ့ ကျွန်တော့ကလေး တီဗီကြည့်လို့ ရပါသလား၊ ဂိမ်းဆော့လို့ ရပါသလား ဆိုတာ တကယ့်ကို စိုးရိမ်စရာဖြစ်ခဲ့တယ်။ အရင်တုန်းကတော့ တီဗီတွေဟာ ကျွန်တော်တို့ မီးသီးနဲ့ပြတယ်၊ မီးသီးနဲ့ ပြတဲ့အခါကျတော့ သတိထားမိတယ် ဖွင့်လိုက်ပိတ်လိုက်တဲ့အခါကျတော့ ဖျတ်ခနဲ ဖျတ်ခနဲဖြစ်တယ်၊ အမှန်ကတော့ ဒီအလင်းရောင်က ဖျတ်ကနဲ ဖျတ်ကနဲ ဖြစ်တဲ့အတွက်ကြောင့် ဒါက တက်ခြင်းကို ဖြစ်စေနိုင်တယ် ၊တဖြေးဖြေး တက်ခြင်းကို ပိုဆိုးစေတဲ့ဟာပေါ့၊ ဥပမာ လမ်းသွားရင်းနဲ့ ဖျတ်ကနဲ မြင်ရင် ဖြစ်တတ်တယ်။ နိုင်ငံခြားမှာဆို Disco Light ပေါ့၊ Disco Light က ဒီလောက်လည်နေတယ်ဆိုတာက ဒါဟာ တက်ခြင်းကို ဖြစ်စေတယ်။ ဒါပေမယ့် နိုင်ငံခြားမှာ သွားပြောတယ် မင်းဒါကို မသွားရဘူး၊ ဒါသွားရင်တက်မယ်လို့ပြောရင် သူတို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်တယ် ပြောမယ်၊ ငါတို့ ဒါက တက်ရမှာပဲ။ တစ်ခါတလေမှာ တက်တာကို ဒီလိုပိတ်ပင်တားဆီးလို့မရဘူး၊ ဒါကို သူတို့က ဘယ်လိုပြောလဲဆိုတော့ မျက်စိတစ်ဖက်ပိတ်ပြီးတက်ရင်တက်၊ မျက်မှန်တပ်ပြီး တက်ရင်တက်။ နောက်တီဗီ၊ တီဗီကိစ္စမှာလည်း အခုကျတော့လည်းဝေးဝေးကနေ၊ အရင်တုန်းက ဆိုရင် ဝေးဝေးကခလုတ်နှိပ်ပေါ့ ဒီဖျတ်ကနဲဖြစ်တဲ့ဟာကို ကာကွယ်လို့ရတယ်၊ အခုကျတော့ ဒီ LCD တို့ဘာတို့ကျတော့ မဖြစ်တာများတယ်လေ။ ဒါပေမယ့် ဘယ်လိုကြောင့်ဖြစ်လဲ ဆိုတော့ တီဗီကိုကြည့်တယ်ဆိုတာ အိပ်ရေးပျက်လို့ ဂိမ်းဆော့တာလည်း ဒါပဲ။ ကိုယ့်ရဲ့စိတ်ပင်ပန်းမှု လူပင်ပန်းမှု အိပ်ရေးပျက်တဲ့ အတွက်ကြောင့် ပိုလုပ်သွားတာ၊ တီဗီကြောင့် ဂိမ်းကြောင့်။ ဒါပေမယ့် တစ်ခုတော့ရှိတယ်၊ တက်ခြင်းအမျိုးအစားတစ်ခု photo sensitive activity  ဆိုတာ အလင်းရောင်ကြောင့် တက်တတ်တဲ့လူမျိုးကြတော့ ဒါတွေက အလင်းရောင်တွေက သူ့ကိုပိုဆိုးစေတယ်။ ဒါမျိုးလူနာကျ တော့ ရှောင်ဖို့လိုတယ်။

Dr . Stephan Paul Jost ။  ။ လက်ကမ်းကြော်ငြာထဲမှ ပါတာ တော်တော်လေးစိတ်ဝင်စားဖို့ ကောင်းပါတယ်၊ အသုံးလည်းကျပါတယ်၊ ဘာလို့ဆို လူတွေနေ့စဉ် ဖြစ်နေတဲ့ပုံစံတွေမှာ ဆောင်ရန်၊ ရှောင်ရန်ကို ရေးထားပါတယ်၊ ဥပမာ ဒီအိပ်ရေးပျက်မခံတာတို့၊ တီဗီကြည့်တာတို့ ဘာတို့က အားလုံးက ပါနေပြီးသားဖြစ်တဲ့အတွက်ကြောင့် ဒါလေးတွေက အရက်သောက်တာကအစ ၊မူးယစ် ဆေးဝါး သုံးစွဲတာကအစ အဲ့ဒါတွေကို   လူတိုင်းအတွက် ဖြန့်ဝေပေးနိုင်မယ်ဆိုရင် လူတိုင်းအတွက် အများကြီးအကျိုးရှိပါမယ် ။ awareness ကို ပိုပြီးတော့ သူတို့ရဲ့ အသိပညာကို ပိုပြီးတော့ knowledge ကို ပိုပြီးတော့ မြှင့်တင်ပေးနိုင်ရင် ပိုပြီးတော့ အကျိုးရှိမယ်။ ဒါကလည်း ကာကွယ်ခြင်းတစ်မျိုးပဲ၊ ဥပမာ ကားမောင်းမယ် ကား Driving လိုင်စင်ပေးဖို့အတွက်က ကျွန်တော်တို့ ဥပဒေမရှိသေးဘူး၊ သူများမှာကျတော့ အတက်ရောဂါ ရှိတဲ့လူက မောင်းလို့မရဘူး။ တစ်နှစ်ဖြစ်ဖြစ်ပိတ်မယ်၊ အဲ့ဒါလေးတွေရှိတယ်။ နောက်တစ်ခုက ရေကူးတဲ့နေရာမှာလည်း ကျွန်တော်ပြောတာက အဖော်မပါဘဲနဲ့ ကူးလို့မရဘူး၊ ဘာလို့ဆိုတော့ အကယ်၍နစ်ရင် ဆယ်မယ့်လူရှိရမယ်။ ကားမောင်းတာလည်း အဖော်ပါရမယ်၊ အိပ်ရေးဝအောင် အိပ်ရမယ် အဲဒီလိုမျိုးတွေပေါ့။ အမြင့်တက်လို့မရဘူး။ အမြင့်တက်ရင် ပြူတ်ကျပြီး တက်နိုင်တယ်၊ ကျွန်တော့် လူနာတစ်ယောက်ရှိဖူးတယ် ၊ သူကအတက်ရောဂါသည်၊ သူ့မှာ ရေစင်အပေါ်ကို တက်ပြီးတော့ ဆေးသုတ်တာလားမသိဘူး ပြူတ်ကျတဲ့အခါကျတော့ အတက်ရောဂါကြောင့် ဒုက္ခမရောက်ဘဲနဲ့ ပြူတ်ကျပြီး ခါးရိုးထိခိုက်ပြီးတော့ အောက်ပိုင်းအလုပ် မလုပ်တော့ဘူး၊ အောက်ပိုင်းသေသလို ဖြစ်သွားတဲ့ အတွက်ကြောင့် ဒါတွေက သတိထားသင့်တယ် ဆိုတဲ့ဟာပေါ့။ ဒါကြောင့် ဒီပညာပေးစာစောင်တွေက ဝေပေးနိုင်မယ်၊ အများအားဖြင့် လူတိုင်းသိအောင် ဝေပေးနိုင်ရင်တော့ အများကြီး အကျိုးရှိပါတယ်။    ။

အတက်ရောဂါ . . ဘာကြောင့်ဖြစ်တာလဲ . . ဘယ်လိုကာကွယ်မလဲ . . . အပိုင်း (၁) အပြည့်အစုံ -http://www.mizzimaburmese.com/article/52882

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly