အီတလီနိုင်ငံရှိ ယိုင်နေသည့် ပီဆာမျှော်စင်ကြီးအား ဆက်ပြီး ယိုင်ကျမသွားစေရန် အင်ဂျင်နီယာများ ကြိုးပမ်း

အီတလီနိုင်ငံရှိ ယိုင်နေသည့် ပီဆာမျှော်စင်ကြီးအား ဆက်ပြီး ယိုင်ကျမသွားစေရန် အင်ဂျင်နီယာများ ကြိုးပမ်း

ဒီဇင်ဘာ ၄ ။             ။ အီတလီနိုင်ငံ၊ ပီဆာမြို့ရှိ ယိုင်နေတဲ့ ပီဆာမျှော်စင်ကြီးကို ပြန်တည့်အောင် အီတလီအင်ဂျင်နီယာတွေ ကြိုးစားပြီး ပြန်လည်ပြုပြင်လျက်ရှိတယ်လို့ သိရပါတယ်။

ပီဆာမျှော်စင်ကြီးကို ၁၂ ရာစုခန့်က တည်ဆောက်ခဲ့တာဖြစ်ပြီး အုတ်မြစ်ခိုင်အောင် မဆောက်ခဲ့တဲ့အတွက် အဆောက်အဦရဲ့ တစ်ခြမ်းက ကိုယ်ထည်ကို မထိန်းနိုင်ဘဲ ယိုင်နေခဲ့တာဖြစ်ပါတယ်။

ခရီးသွားဧည့်သည်တွေအကြား ရေပန်းစားလျက်ရှိတဲ့ အဆိုပါ ပီဆာမျှော်စင်ကြီးဟာ အချိန်ကြာလာတာနဲ့အမျှ ယိုင်ယိုင်လာတဲ့အတွက် ၁၉၉၀ ခုနှစ်၊ ဇန်နဝါရီလကစပြီး ၁၁ နှစ်ကြာ ပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။

အမြင့်ပေ ၁၈၆ ပေ ( ၅၇ မီတာ) ရှည်တဲ့ ပီဆာမျှော်စင်ကြီးဟာ နွေရာသီမှာတော့ ယိုင်နဲ့တာ လျော့နည်းလေ့ရှိကြောင်း၊ နွေရာသီရောက်ရင် မျှော်စင်က မြောက်ဘက်ကို ယိုင်သွားတဲ့အတွက် မြောက်ဘက်ခြမ်းကိုယ်ထည်က ပူနွေးပြီး ကျောက်တုံးတွေ ကျယ်လာကြောင်း၊ ကျောက်တုံးကျယ်လာတဲ့အခါ မျှော်စင်လည်း သိပ်မယိုင်တော့တာကို တွေ့ရှိရကြောင်း အီတလီအင်ဂျင်နီယာတွေက ပြောပါတယ်။

“အခုအချိန်မှာတော့ မျှော်စင်ကြီးရဲ့ အောက်မှာရှိတဲ့ မြေကြီးတွေကို ဂရုတစိုက်ဖယ်ထုတ်နေတဲ့အတွက် မျှော်စင်လည်း အရင်ကလောက် သိပ်မယိုင်တော့ဘူး။”လို့ OPA စက်မှုလက်မှုလုပ်ငန်းဆိုင်ရာ ဒါရိုက်တာ ဆီလာက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly