ကုန်တင်ယာဉ်နှင့် ခရီးသည်တင် မှန်လုံယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွား

ကုန်တင်ယာဉ်နှင့် ခရီးသည်တင် မှန်လုံယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွား
ဓာတ်ပုံ - လှိုင်ဘွား ( မြို့သစ် )

မကွေး၊ ဒီဇင်ဘာ ၄ ။            ။ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ဒီဇင်ဘာလ ၄ ရက်နေ ့၊မနက် ၃နာရီအချိန်ခန့်၌ ကုန်တင် တွဲယာဉ်နှင့် ခရီးသည်တင်မှန်လုံယာဉ်တို့ ကားလမ်းမအလယ်တွင် မျက်နာချင်းဆိုင် ယာဉ်တိုက်မှု ဖြစ်ပွား ခဲ့ကြောင်း မြို့သစ်ရဲစခန်းမှသိရသည်။

ဖြစ်စဉ်မှာ မြို့သစ်-တောင်တွင်း ကားလမ်းမအတိုင်း တောင်တွင်းကြီးဘက်မှ မြို့သစ်ဘက်သို့ ယာဉ်မောင်း ကိုကျင့်မွန်မောင် အသက် ၃၆ နှစ် ပေါက်ခေါင်းမြို့နေသူမောင်းနှင်ပြီး ဆန်အိတ်များတင်ဆောင်လာသည့် နောက်တွဲပါ SM------နံပါတ် SCANIA အမျိုးအစား အဖြူရောင်(၈)ဘီး မော်တော်ယာဉ်သည် မိုင်တိုင်အမှတ် (၁၂/၆)နှင့်(၁၂/၇)အကြားတွင် မြို့သစ်မြို့ဘက်မှ တောင်တွင်းကြီးမြို့ဘက်သို့ ယာဉ်မောင်း ဦးမောင်မောင် ကြည် အသက် ၆၀ မကွေးမြို့နေသူမှ မောင်းနှင်သော MDY--8I------နံပါတ်ပါ FUSO အမျိုးအစား ဖြူ /ပြာ /စိမ်း/ခရမ်းရောင် (၆)ဘီး "အောင်သစ္စာ"ခရီးသည်တင် မော်တော်ယာဉ်နှင့် ကားလမ်း၏အလယ်တွင် မော်တော်ယာဉ်ချင်း ပွတ်တိုက်မိခဲ့ခြင်း ဖြစ်သည်။

ထိုဖြစ်စဉ်ကြောင့် တွဲကားမှာ ကားလမ်းမ၏အနောက်ဘက်ခြမ်းရှိ လယ်ကွက်ထဲသို ့ထိုးကျခဲ့ပြီး ယာဉ်၏ ဝဲဘက်ခြမ်း ဘော်ဒီနှင့် ခေါင်းအရှေ့ပိုင်း ဘန်ကာတို့ပိန်ချိုင့်ပျက်စီးခဲ့ကာ ခရီးသည်တင် မှန်လုံယာဉ်မှာလည်း ရှေ့လေကာမှန်ကွဲအက်ကာ ယာဉ်၏ဝဲဘက်ခြမ်း ဘော်ဒီ ပိန်ချိုင့်ပျက်စီးခဲ့့သည်။ သို့သော်လည်း အဆိုပါဖြစ်စဉ် ကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူများမှာ ထိခိုက်မှုမရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး တွဲကားယာဉ်မောင်း ကိုကျင့်မွန်မောင်နှင့် မှန်လုံယာဉ်မောင်း ဦးမောင်မောင်ကြည် တို့အား မြို့သစ်မြို့မရဲစခန်းမှ ယာဉ်(ပ)၇၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက် နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly