မက္ကဆီကိုမှာ လူနေအိမ်ပေါ် လေယာဉ်ပျက်ကျလို့ လူ ၄ ဦး သေဆုံး

မက္ကဆီကိုမှာ လူနေအိမ်ပေါ် လေယာဉ်ပျက်ကျလို့ လူ ၄ ဦး သေဆုံး

ဒီဇင်ဘာ ၄ ။             ။ မက္ကဆီကိုနိုင်ငံမြောက်ပိုင်း Culiacan မြို့မှာ ဒီဇင်ဘာ ၃ ရက်က လေယာဉ်ငယ်တစ်စင်း လူနေအိမ်တစ်လုံးပေါ် ထိုးဆင်းပျက်ကျခဲ့ရာ လူလေးဦး သေဆုံးပြီး နေအိမ်တစ်လုံး ပျက်စီးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ယင်း မတော်တဆမှုဖြစ်စဉ်မှာ အခြား လူ သုံးဦးလည်း ထိခိုက်ဒဏ်ရာတွေ ရသွားလို့ ဆေးရုံကို တင်ပို့ကုသပေးထားရပေမယ့် အခြေအနေ မစိုးရိမ်ရတော့ဘူးလို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြည်တွင်း သတင်းမီဒီယာတွေမှာ ဖော်ပြချက်အရ သေဆုံးသွားသူ လေးဦးစလုံးက လေယာဉ်ပေါ် လိုက်ပါလာတဲ့ အမှုထမ်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

ယင်း နေအိမ်ပေါ် လေယာဉ်ပျက်ကျမှု ဖြစ်ဖြစ်ချင်းမှာပဲ ဆီယိုဖိတ်မှုကနေတဆင့် မီးလောင်ကျွမ်းမှုမျိုး မဖြစ်အောင် ယင်းဧရိယာတစ်ဝိုက် အရေးပေါ် အဖွဲ့တွေ စေလွှတ်စောင့်ကြည့်ခိုင်းထားခဲ့ရသေးတယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိတော့ ယင်း လေယာဉ် ပျက်ကျရခြင်းရဲ့အကြောင်းရင်းကိုရော၊ လေယာဉ်ရဲ့ ဦးတည်ပျံသန်းရာ လမ်းကြောင်းနဲ့ပတ်သက်လို့ အာဏာပိုင်တွေက အသေးစိတ် ထုတ်ပြန်လာခြင်းတော့ မရှိသေးပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly