၂၁ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်းတစ်သောင်းဆုကို ပဲခူးတိုင်းမှ ထပ်မံဆွတ်ခူး

၂၁ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်းတစ်သောင်းဆုကို ပဲခူးတိုင်းမှ ထပ်မံဆွတ်ခူး

ရန်ကုန်၊ဒီဇင်ဘာ ၃ ။           ။ ၂၁ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်းတစ်သောင်းဆုကို ဎ ၃၉၃၀၂၀ ဂဏန်းဖြင့် ပဲခူးတိုင်းဒေသကြီး ၊ ဝေါမြို့နယ်၊ ချမ်းမြသာစည် ရပ်ကွက်မှ  အသက် ၈၈နှစ်အရွယ် အဘိုးဖြစ်သူ ဦးကျင်ရိန်မှ ရရှိခဲ့သည်။

 ဦးကျင်ရိန်သည် ကျပ်သိန်းတစ်သောင်းထီပေါက်သည်ကို ဒီဇင်ဘာ ၂ရက်နေ့ ညနေ ၅နာရီခန့်တွင် မြန်မာ့ အလင်းသတင်းစာ၏ ကြော်ငြာမှ တစ်ဆင့် သိခဲ့ရခြင်း ဖြစ်သည်။

 "ကျွန်တော်လည်း အစက ထီပေါက်မှန်း မသိဘူး။ ဒီဇင်ဘာ ၂ရက်နေ့ ညနေ၅ နာရီ လောက်ကမှ မြန်မာ့အလင်း သတင်းစာ ကြော်ငြာကြည့်ရင်းနဲ့ ထီပေါက်တာကို သိရတာ။ " ဟု ကံထူးရှင် ဦးကျင်ရိန် ပြောသည်။

ယခုပေါက်သည့် အောင်ဘာလေထီကို ဝေါမြို့မစျေးရှိ မြတ်သိန်းစိုး ထီဆိုင်မှ ၅စောင်တွဲထီမှ ပေါက်ခဲ့ခြင်းဖြစ်ပြီး ဦးကျင်ရိန်သည် လစဉ်လတိုင်း ပုံမှန်ထီထိုးနေသည်မှာ တစ်နှစ် ဝန်းကျင်ခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။

" ထီထွက်ခါနီးတော့ ဘုရားရှိခိုးရင်းနဲ့  ဆူးလေဘုရားက ဘိုးဘိုးကြီးကို ကျွန်တော်ဆုတောင်းတယ်ဗျ။ အောင် ဘာလေထီရုံးက ဆူးလေနဲ့ နီးတယ်လေ။ အဲ့တော့ အလှူအတန်းလုပ်ချင်တယ်ပေ့ါ။ ထီပေါက်အောင် မ စပါပေါ့။ ထီပေါက်ရင် ဘိုးဘိုးကြီးအတွက်  အလှူဒါန ပြုပေးပါ့မယ်။ အဲ့လို ဆုတောင်းထားတာ။ " ၄င်းက ဆက်ပြောသည်။

 အဆိုပါ ကျပ်သိန်းတစ်သောင်ဆုမှ ရရှိလာသောဆုကြေးငွေများကို အလှူအတန်းများ ပြုလုပ်သွားမည်ဖြစ်ပြီး  သားသမီး၄ယောက်ကို ခွဲဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 ယခင်လက ဖွင့်လှစ်ခဲ့သော ၂ဝကြိမ်မြောက်အောင်ဘာလေ ကျပ်သိန်းတစ်သောင်းထီဆုကိုလည်း ပဲခူးမြို့မှ လေထိုးကျွတ်ဖာ စက်ဘီးပြင် အလုပ်လုပ်ကိုင်သည့် ဦးစိန်သောင်းနှင့် ဒေါ်ဒေါင်းတို့ ဇနီးမောင်နံ ရရှိခဲ့ခြင်း လည်း  ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly