MTG 2018 - မြန်မာနိုင်ငံတကာဆိုင်ရာချည်မျှင်နှင့်အထည်ချုပ်ဆိုင်ရာစက်မှုလက်မှုပြပွဲကြီး

MTG 2018 - မြန်မာနိုင်ငံတကာဆိုင်ရာချည်မျှင်နှင့်အထည်ချုပ်ဆိုင်ရာစက်မှုလက်မှုပြပွဲကြီး

သတ္တမအကြိမ်မြောက်မြန်မာနိုင်ငံတကာဆိုင်ရာချည်မျှင်(MTG)နှင့်အတူမြန်မာ့အထည်ချုပ်ဆိုင်ရာစက်မှုလက်မှုပြပွဲ (MitaTex)ကိုYorkers ကုန်သွယ်ရေးနှင့်စျေးကွက်ဝန်ဆောင်မှုကုမ္ပဏီလီမိတက်၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) နှင့်မြန်မာနိုင်ငံချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းရှင်များအသင်း (MTMA) ကစီစဉ်ကာ ဤအခမ်းအနားကို မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှကူညီပ့ံပိုးထားပါသည်။ပြပွဲကိုဒီဇင်ဘာလ (၆) ရက်မှ (၉) ရက်နေ့အထိရန်ကုန်ကွန်ဗင်းရှင်းစင်တာ (YCC) ခန်းမအသစ် (အင်းလျားလိတ်ဟိုတယ်ဝင်းအတွင်း) ကျင်းပသွားမည်ဖြစ်ပါသည်။

အဆင့်မြင့်စက်ပစ္စည်းများနှင့်စက်မှုစင်တာ
ယခုပြသမည့်၂၀၁၈ MTG တွင်ထိပ်တန်းနာမည်ကြီးကုန်ပစ္စည်းအမျိုးပေါင်း (၁၃၀)ကျော်ကို တရုတ်၊ချက်၊ဂျာမနီ၊ဟောင်ကောင်၊အိန္ဒိယ၊ ဂျပန်၊ကိုရီးယား၊မလေးရှား၊မြန်မာ၊ စင်္ကာပူ၊ထိုင်ဝမ်၊ ထိုင်းနှင့်ဗီယက်နမ်အစရှိသည့်(၁၃)နို်င်ငံများမှ ဧရိယာရဝဝဝကျော်ကျယ်ဝန်းသောပြပွဲခန်းမကြီးတွင်ခင်းကျင်းပြသသွားမည်ဖြစ်ပါသည်။

နောက်ဆုံးပေါ်ပန်းထိုးစက်များကို နာမည်ကြီးကုန်အမှတ်တံဆိပ်ဖြစ်သော Tajima ၊Northphenix၊ Hooray နှင့်Richpeaceတို့မှပါဝင်ပြသသွားမည်ဖြစ်ပြီးနည်းပညာထပ်မြှင့်ထားသောစက်ချုပ်စက်များကို AMF, Bedoly, Ching Sung, Juki, Kam Full, Kingtex, Toboyo, YINWEI and Zojeတို့မှလဲပါဝင်ပြသသွားမည်ဖြစ်ပါသည်။နောက်ဆုံးပေါ်ဇာထိုးပြားစက်များကို Kuris နှင့် Saloon တို့မှသရုပ်ပြသသွားမည်ဖြစ်ပြီး ဒီဂျစ်တယ်ပရင့်ပိုင်းဆို်င်ရာ စက်ပစ္စည်းများကိုMimakiမှပါဝင်ပြသမည်ဖြစ်ပြီး၊ CAD စနစ်ဖြင့်ပြုလုပ်နိုင်သောစက်ပစ္စည်းများကို BOKမှခင်းကျင်းပြသသွားမည်ဖြစ်ပါသည်။

ကုန်ပစ္စည်းထုတ်လုပ်မှုပိုင်းဆိုင်ရာလုပ်ငန်းစဉ်များကိုတော့ Hand Band နှင့် Li Sheng တို့မှမိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။ ဒါအပြင် MTGတွင် စီးပွားရေးလုပ်ငန်းများချိတ်ဆက်နိုင်ရန် ပလက်ဖောင်းအဖြစ်မြန်မာနို်င်ငံ၏စျေးကွက်ကိုကိုရီးယားချည်မျှင်နှင့်အထည်ပိုင်းဆိုင်ရာစင်တာတွင်ဖွင့်လှစ်မိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။

ထိုင်ဝမ်အပ်ချုပ်စက်အသင်း (TSMA) မှထိုင်ဝမ်ကုမ္ပဏီများစုဝေးကာထိုင်ဝမ်အဖွဲ့စုများဖြစ်သည့်Kingtex, SAGA, Dotec, Kenlen, Shan Tsae, Ching Sung, Triumph, Great Knives Tsotaနှင့် Huang Tayiကုမ္ပဏီများလည်းလာရောက်ပြသသွားမည်ဖြစ်ပါသည်။


တာဂျီမ၊မြန်မာနိုင်ငံချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းရှင်များအသင်းနှင်မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းအစရှိသည့်တို့ဖြင့်ပါဝင်အားဖြည့်ပွဲတင်ဆက်ထားပါသည်။
MTGသည်ပြည်တွင်းစျေးကွက်အတွက်ကောင်းမွန်စွာချိတ်ဆက်နိုင်ရန်နှင့်ထိရောက်သောဆက်သွယ်ရေးပလက်ဖောင်းကိုတည်ဆောက်လိုပါသည်။ယခုနှစ်တွင် TAJIMA, MGMAနှင့် MTMA ၏စီစဉ်သူများနှင့်ပူးတွဲကြိုးပမ်းအားထုတ်ကာစက်မှုဇုံခို်င်မာစေရန်အတွက်စိီမံကိန်းများကိုစတင်ဆောင်ရွက်ခဲ့သည်။ပန်းထိုးလက်မှုလုပ်ငန်းတွင်ဦးဆောင်နေသော  TAJIMAမှလည်းမျိုးဆက်သစ် “ SAI’’ ကိုနောက်ဆုံးပေါ်စက်ပစ္စည်းများနှင့်နည်းပညာအသိပညာမျှဝေသွားမည်ဖြစ်သည်။

MTMAအသင်းသည်ဖွဲ့စည်းထားသည်မှာ မကြာသေးသောအသင်းသစ်တစ်ခုဖြစ်ပြီး နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှပ်နှံံသူတို့၏စျေးကွက်လေ့လာမှုများနှင့် ပြင်ပထင်မြင်ယူဆချက်များ အကြံပေးချက်များကို မြန်မာနို်င်ငံ၏ချည်မျှင်ပိုင်းဆိုင်ရာနယ်ပယ်နှင့်စျေးကွက်အတွက်ဆွေးနွေးတိုင်ပင်နိုင်သော အသင်းတစ်ခုလဲ ဖြစ်ပါသည်။


ထို့အပြင်လာရောက်ပြသသောလုပ်ငန်းရှင်များနှင့်အဝယ်တော်များလုပ်ငန်းကိစ္စများတွေ့ဆုံဆွေးနွေးနိုင်ရန်နှင့်ချိတ်ဆက်မှုများပြုလုပ်နိုင်ရန်အတွက် MTG ပြပွဲ၏ (၃) ရက်မြောက်နေ့တွင် Business Matchmaking Event ဖြစ်သော Smart Factory Awards Dinner ကို MGMA မှစီစဉ်ထားရှိပြီး MTMA သည်လဲပါဝင်ထားပါသည်။

 

CMP လက်ရှိစက်မှုလုပ်ငန်းနှင့်မြန်မာ့စီးပွားရေးခန့်မှန်းချက်

မြန်မာ့အထည်ချုပ်လုပ်ငန်း၄ဝဝကျော်အထည်ချုပ်စက်ရုံများနှင့်၄ဝဝဝဝဝကျော်ဝန်ထမ်းများနှစ်စဉ်နိုင်ငံခြားစျေးကွက်မှအနည်းဆုံး $ ၂.၂ဘီလီယံခန့်ဝင်ငွေရှိပါသည်။၂၀၁ရတွင် EU သည်မြန်မာနိုင်ငံကို (GPS စနစ်) အဖြစ်ပြန်လည်ရောက်ရှိကာအထည်ချုပ်ပို့ကုန်များတွင်ဂျပန်ထက်စာလျှင်မြန်မာနိုင်ငံသည်အကြီးဆုံးစျေးကွက်ဖြစ်လာခဲ့သည်။မြန်မာ့အထည်ချုပ်လုပ်ငန်းသည်တတိယအကြီးဆုံးပို့ကုန်ထုတ်ကုန်ဖြစ်လာခဲ့သည်။
မကြာသေးမီကအာရှဖွွံ့ဖြိုးရေးဘဏ်တို့ကဖြန့်ချီသည်အစိီရင်ခံစာအရ၂၀၁၈တွင်မြန်မာနိုင်ငံ၏ GDP ၆.၈% အထိကြီးထွားလာပြီး၂၀၁၉ခုနှစ်တွင်ရ.၂% အထိကြီးထွားပါလိမ့်မည်။ မြန်မာနိုင်ငံ၏စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့်ခိုင်ခံ့သောကမ္ဘာလုံးဆိုင်ရာစီးပွားရေးတိုးတက်မှုအကြောင်းရင်းနှစ်ခုကြောင့်လာမည့်နှစ်တွင်မှန်မှန်ဖွံ့ဖြိုးကြီးထွားဖို့မျှော်လင့်ပါသည်။
ထို့အပြင်ကုမ္ပဏီသစ်ဥပဒေသည်ပြီးခဲ့သည့်ဒီဇင်ဘာလကအတည်ပြုလို်က်ခြင်းကိုသြဂုတ်လ၂၀၁၈ခုနှစ်တွင်အကောင်အထည်ဖော်ပါလိမ့်မည်။ပြည်ပရင်းနှီးမြှုပ်နှံသူများကပြည်တွင်းကုမ္ပဏီများတွင်၃၅% အစုရှယ်ယာကိုကိုင်ထားခွင့်ပြုပါလိမ့်မည်။၂၀၁၈၏ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်တိုးတက်နှုန်းများသောကြောင့်နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနှုန်းကိုအားပေးနေပြီးဒေသခံစီးပွားရေးကိုပိုမိုရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရန်ကူညီပါလိမ့်မည်။ဤရလဒ်များဆက်စပ်ကာအဝတ်အထည်စက်မှုလုပ်ငန်းမကြာမီပို့ကုန်အတွက်ခန့်မှန်းခြေ $၃ဝဘီလီယံသို့ရောက်ရှိပါလိမ့်မည်။

အီလက်ထရောနစ်မှတ်ပုံတင်ရေးမှနောက်ဆုံးပြပွဲသတင်းအချက်အလက်ရရှိရန်အဆင်သင့်ဖြစ်နေပါ
MTG ၂၀၁၈အီလက်ထရောနစ်မှတ်ပုံတင်စနစ်နှင့်လွတ်လပ်သောဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ဝင်များအသုံးပြုသူ၏ပြည်တွင်းစျေးကွက်အလေ့အကျင့်နှင့်စက်မှုဇုန်ပလက်ဖောင်းအဖြစ်ပြပွဲ၏တန်ဖိုးမြှင့်တင်ရန်အတွက်ပိုကောင်းတဲ့ဆိုက်အတွေ့အကြုံကိုရယူရန်ဧည့်သည်များMTG၏တရားဝင်ဝက်ဆိုက်တွင်အီလက်ထရောနစ်မှတ်ပုံတင်လျှောက်ထားရန်အကြံပြုပါသည်။အီလက်ထရောနစ်မှတ်ပုံတင်ထားပါက MTG သတင်းနှင့်ဝန်ဆောင်မှုကဒ်မှ၂၀၁၈လက်ငင်းသတင်းကိုလက်ခံရရှိခြင်းမှအကျိုးကျေးဇူးများစွာရရှိမည်ဖြစ်သည်။

အသေးစိတ်သိရှိလိုပါက https;//www.myanmar-expo.com/MTG/.

MTG အကြောင်း
ကျင်းပရာနေရားရန်ကုန်ကွန်ဗင်းရှင်းစင်တာ (YCC)
နေရပ်လိပ်စား၃၇၊ကမ္ဘာအေးဘုရားလမ်း၊မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့။
နေ့စွဲး၂၀၁၈ခုနစ်၊ဒီဇင်ဘာလ (၆) ရက်နေ့မှ (၉)ရက်နေ့အထိ။
ဝင်ခွင့်ရရှိသူများကုန်သွယ်ရန် လာရောက်လည်ပတ်သူများနှင့်ပညာရှင်များသာလျှင်။၁၆နှစ်အောက်မဝင်ရ။

မီဒီယာများဆက်သွယ်ရန်
Chan Chao International Co.,ltd
Ms. Andrew Hsu
[email protected]
ဖုန်း။ +၈၈၆-၂-၂၆၅၉-၆၀၀၀*-၃၄၃

မြန်မာနိုင်ငံရုံးခွဲ
မစ္စတာရဲလင်း
ဖုန်း - ၀၉- ၇၉၅၆၉၆၃၁၈

Yorkers ကုန်သွယ်ရေးနှင့်စျေးကွက်ရှာဖွေရေးဝန်ဆောင်မှုကုမ္ပဏီလီမိတက်

လွန်ခဲ့သောနှစ်ပေါင်း၃ဝကျော်အတွင်း Yorkers ကုမ္ပဏီသည် အာဆီယံနိုင်ငံ၊အရှေ့တောင်အာရှနှင့်တရုတ်နိုင်ငံများတွင် ကုန်စည်ပြပွဲနှင့်ကုန်သွယ်ရေးပြပွဲများ ကျင်းပရာ၌ဦးဆောင်သူ တစ်ဦးဖြစ်ခဲ့သည်။ ယခုနှစ်များတွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကမ္ဘောဒီးယားနိုင်ငံ၊တရုတ်နိုင်ငံ၊ပါကစ္စတန်နိုင်ငံ၊မြန်မာနိုင်ငံနှင့်ဗီယက်နမ်နိုင်ငံများတွင်စက်ယန္တရားနှင့်သက်ဆိုင်သောပြပွဲပေါင်းများစွာကိုကျင်းပပြီးဖြစ်သည်။ဤနယ်ပယ်အတွင်း၌အတွေ့အကြုံပေါများသော Yorkers ကုမ္ပဏီသည်ထွန်းသစ်စစျေးကွက်များတွင်ကုန်သွယ်ရေးအခွင့်အလမ်းများကိုစူးစမ်းလေ့လာရန်အတွက်အကောင်းဆုံးပလက်ဖောင်းအဖြစ်ဆောင်ရွက်နိုင်သည်ဟုယုံကြည်ပါသည်။

ဗီယက်နမ်နိုင်ငံပြပွဲများ      - http//www.linkage-vn.com/
ဘင်္ဂလားဒေ့နိုင်ငံပြပွဲများ     - http//www.bangla-expo.com/
ကမ္ဘောဒီးယားနိုင်ငံပြပွဲများ   - http//www.camboexpo.com/
မြန်မာနိုင်ငံပြပွဲများ             - http//www.myanmar-expo.com/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags