ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် ကမ္ဘာ့ဘဏ်က ကန်ဒေါ်လာ ၂၀၀ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံမည်

ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် ကမ္ဘာ့ဘဏ်က ကန်ဒေါ်လာ ၂၀၀ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံမည်

ဒီဇင်ဘာ ၃ ။           ။ လာမယ့် ၂၀၂၁ နဲ့ ၂၀၂၅ ကြားကာလအတွင်း ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေးပိုင်းမှာ အမေရိကန် ဒေါ်လာ ၂၀၀ ဘီလီယံအထိ  ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဒီဇင်ဘာ ၃ ရက်မှာ ကတိပြုသွားခဲ့ပါတယ်။

ယင်း ပမာဏကတော့ လက်ရှိ ငါးနှစ်တာ ငွေကြေး ရင်းနှီးမြှုပ်နှံမှု ပမာဏထက်လည်း နှစ်ဆ ပိုများနေတာလည်း ဖြစ်ပါတယ်။

လက်ရှိ ပိုလန်နိုင်ငံမှာ ကုလသမဂ္ဂ ရာသီဥတု ညီလာခံတစ်ရပ် ကျင်းပနေချိန်နဲ့ တိုက်ဆိုင်ပြီး ယင်း ကတိကဝတ်ကို ကမ္ဘာ့ဘဏ်က ကြေညာခဲ့တာဖြစ်ပါတယ်။

ယခုလို ထုတ်ဖော်ကြေညာလိုက်ခြင်းကတော့ လက်ရှိ ကမ္ဘာပေါ်မှာ ရာသီဥတု ပြောင်းလဲမှုကို ကိုင်တွယ်တိုက်ဖျက်ဖို့အတွက် အရှိန်မြင့်လုပ်ဆောင်သွားမယ့် ရပ်တည်ချက်ကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သလို အလားတူအတိုင်း လိုက်လုပ်ကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို အရေးကြီးတဲ့ သတင်းစကားပါးလိုက်ခြင်းလည်း ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ပြောသွားပါတယ်။

" ကျွန်တော်တို့ ခုချိန်မှာ ဒီ သဘာဝပတ်ဝန်းကျင်ကိုညစ်ညမ်းစေတဲ့ ထုတ်လွှတ်မှုတွေကို မလျှော့ချနိုင်ဘူးဆိုရင် လာမယ့် ၂၀၃၀ မရောက်ခင် နောက်ထပ် ကမ္ဘာ့ပေါ်က လူပေါင်း သန်း ၁၀၀ လောက် ဆင်းရဲနွမ်းပါးမှုအောက် ကျရောက်နေထိုင်နေကြရမှာကို မြင်ရပါလိမ့်မယ်" ဆိုပြီး ကမ္ဘာ့ဘဏ်ရဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အကြီးတန်း ဒါရိုက်တာ John Roome က ပြောသွားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags