ပြင်သစ်မှာ အရှိန်မြင့်ဖြစ်ပေါ်နေတဲ့ Yellow Vest ဆန္ဒပြမှုတွေအတွင်း လူရာနှင့်ချီ ဒဏ်ရာရပြီး လူသုံးရာနီးပါး ဖမ်းဆီးထား

ပြင်သစ်မှာ အရှိန်မြင့်ဖြစ်ပေါ်နေတဲ့ Yellow Vest ဆန္ဒပြမှုတွေအတွင်း လူရာနှင့်ချီ ဒဏ်ရာရပြီး လူသုံးရာနီးပါး ဖမ်းဆီးထား

ဒီဇင်ဘာ ၂ ။         ။ ပြင်သစ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ လောင်စာခွန် တိုးမြင့်မှုအပေါ် ဆန့်ကျင်တဲ့ Yellow Vest ဆန္ဒပြမှုတွေကတော့ လက်ရှိမှာ အရှိန်ပိုမြင့်သထက် မြင့်လာနေလျက် ရှိပါတယ်။

ယခုအခါ ပါရီမြို့က အဆိုပါ ဆန္ဒပြပွဲတွေအတွင်း လူပေါင်း ၂၈၈ ဦးကို ဖမ်းဆီးထားပြီးဖြစ်ကြောင်း ပြင်သစ် ပြည်ထဲရေးဝန်ကြီး ခရစ်စတိုဖီက ပြောပါတယ်။

ဒါ့အပြင် လူ ၁၀၀ ခန့်လည်း ထိခိုက်ဒဏ်ရာရရှိသွားပြီး အခြေအနေ စိုးရိမ်ရသူတွေလည်း ရှိတယ်လို့ ၎င်းက ပြောပါတယ်။

ယင်းဆန္ဒပြမှုတွေအတွင်း ဆန္ဒပြသမားတွေနဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့အကြား ထိပ်တိုက်တွေ့မှုတွေဖြစ်ပြီး ရုန်းရင်းဆန်ခတ်အခြေအနေတွေနဲ့အတူ ဆိုးရွားနေလျက်ရှိပါတယ်။

ဒီဇင်ဘာ ၁ ရက်က ပါရီမြို့လယ်ခေါင်မှာတော့ အစိုးရဆန့်ကျင် ဆန္ဒပြသူတွေဟာ ကားစီးရေ အမြောက်အမြားကို မီးရှို့ဖျက်စီးပစ်ခဲ့ကြပြီး စတိုးဆိုင်မျက်နှာစာတွေကိုလည်း မီးရှို့ပစ်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဘက်က ကျောက်တုံးကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့သလို ရဲတွေဘက်ကလည်း မျက်ရည်ယိုဗုံး သုံံးပြီး ဖြိုခွင်းမှုတွေ ရှိနေခဲ့ပါတယ်။

အဆိုပါ ဆန္ဒပြမှုတွေနဲ့ပတ်သက်လို့  G20 ထိပ်သီးအစည်းအဝေးတက်ဖို့ အာဂျင်တီးနား မှာ ရောက်နေခဲ့တဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ကတော့ ၎င်းတို့အစိုးရအနေနဲ့ ဆန္ဒပြမှုတွေအတွင်း အကြမ်းဖက်တဲဲ့ ဘယ်လိုလုပ်ရပ်မျိုးကိုမှ လက်ခံမှာမဟုတ်ဘူးလို့ ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly