အမေရိကန်နှင့် တရုတ်အကြား ကုန်သွယ်ရေးစစ် ပြေငြိမ်းဖို့ သဘောတူ

အမေရိကန်နှင့် တရုတ်အကြား ကုန်သွယ်ရေးစစ် ပြေငြိမ်းဖို့ သဘောတူ

ဒီဇင်ဘာ ၂ ။            ။ ကမ္ဘာ့ စီးပွားရေး ထိပ်သီးနိုင်ငံကြီး နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ် အကြား ဖြစ်နေတဲ့ ကုန်သွယ်ရေးစစ်ကို ပြေငြိမ်းဖို့ ယခုအခါ သဘောတူညီမှု ရသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

အာဂျင်တီးနားနိုင်ငံမှာ ကျင်းပတဲ့ G20 ထိပ်သီးညီလာခံအပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခဲ့ကြရာမှာတော့ နှစ်နိုင်ငံအကြား လက်ရှိဖြစ်ပေါ်နေတဲ့ ကုန်သွယ်ရေး ပဋိပက္ခတွေကို ချုပ်ငြိမ်းစေဖို့ သဘောတူခဲ့ကြတာဖြစ်ပါတယ်။

ယခုအခါမှာ နှစ်နိုင်ငံအကြား အခွန်အကောက်အသစ်တွေ အပြန်အလှန်ပြဌာန်းချမှတ်တာမျိုးကို ဆိုင်းငံ့ထားဖို့ နှစ်ဘက်အကြားသဘောတူခဲ့ကြပါတယ်။

လက်ရှိ ရှိရင်းစွဲ အခွန်အကောက်ပြဌာန်းချက်တွေကိုတော့ ပြန်မရုတ်သိမ်းသေးဘဲ လက်ရှိအတိုင်း ဆက်လက်ထားရှိကြဦးမှာဖြစ်ပါတယ်။

လက်ရှိအချိန်ကစလို့ ရက်ပေါင်း ၉၀ အတွင်း မည်သည့် ကုန်သွယ်ရေး အခွန်အကောက်အသစ်မျိုးကိုမှ ထပ်မံ ကောက်ခံတာမျိုး မလုပ်ကြပဲနဲ့ နောက်ထပ် ဆွေးနွေးမှုတွေလုပ်သွားကြဖို့ နှစ်ဘက်အကြား သဘောတူညီနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ယခုမတိုင်ခင်တုန်းကတော့ နှစ်နိုင်ငံအကြား များပြားလှတဲ့ အခွန်စည်းကြပ်မှု ပမာဏတွေ အပြန်အလှန် ကောက်ခံရင်းကနေ ကုန်သွယ်ရေး ပဋိပက္ခတွေ အရှိန်မြင့်သထက် မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly