မကြုံစဖူး လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက ဂျီ ၂၀ ထိပ်သီးညီလာခံကို အာဂျင်တီးနားပြည်သူတွေ ဆန္ဒပြ

မကြုံစဖူး လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက ဂျီ ၂၀ ထိပ်သီးညီလာခံကို အာဂျင်တီးနားပြည်သူတွေ ဆန္ဒပြ

ဗျူနိုအေရိစ်၊ ဒီဇင်ဘာ ၁ ။          ။ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရိစ်မှာ ကျင်းပနေတဲ့ ဂျီ ၂၀ ထိပ်သီးအစည်းအဝေးကို အင်အားထောင်ပေါင်းများစွာသော ပြည်သူတွေဟာ ကန့်ကွက်ဆန္ဒပြကြပါတယ်။

မကြုံစဖူးလုံခြုံရေးတင်းကြပ်ထားတဲ့ကြားက ဂျီ ၂၀ ခေါင်းဆောင်များ အစည်းအဝေးကို ချီတက်ဆန္ဒပြကြတာကြောင့် ဗျူနိုအေရိစ်မှာ ယာဉ်သွားယာဉ်လာတွေ ကြပ်တည်းကုန်ပါတယ်။

စီးပွားရေးအကျပ်အတည်းကြောင့် နာကျင်နေရတဲ့ အာဂျင်တီးနားမှာ ဒီ ဂျီ ၂၀ ထိပ်သီးညီလာခံကို ငသနး်ပေါင်းများစွာ အကုန်အကျခံပြီး အစိုးရက အိမ်ရှင်အဖြစ် ကျင်းပတာကို ဆန့်ကျင်ပြီး ငြိမ်းချမ်းစွာဆန္ဒပြသကြတာ ဖြစ်ပါတယ်။

အခု နှစ် ဂျီ ၂၀ ထိပ်သီးညီလာခံကတော့ ကုန်သွယ်ရေး၊ ရာသီဥတုပြောင်းလဲမှုနဲ့ ယူကရိန်းအရေးတွေမှာ ခေါင်းဆောင်တွေကြား သဘောထားကွဲလွဲစေပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဂျီ ၂၀ အုပ်စုရဲ့ ကုန်သွယ်ရေးနဲ့ ရာသီဥတုပြောင်းလဲမှုအရေးတွေမှာ ယခင်က စည်းလုံးညီညွတ်ခဲ့တာတွေကို ဖျက်ဆီးပစ်တယ်လို့ ဝေဖန်တိုက်ခိုက်စရာ ဖြစ်နေပါတယ်။ ဆော်ဒီသတင်းထောက် ခါရှိုဂျီ အသတ်ခံရမှုမှာ စွပ်စွဲခံနေရတဲ့ ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသားက အစည်းအဝေးကို တက်ရောက်လာတာကလည်း ပြောစမှတ် ဖြစ်စေပါတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်က ပထမဆုံး ဂျီ ၂၀ အစည်းအဝေး ကျင်းပပြီးနောက်ပိုင်း အခု နှစ် အာဂျင်တီးနားမှာ နှစ်ရက်တာ ကျင်းပတဲ့ ဂျီ ၂၀ အစည်းအဝေးကတော့ နက်ရှိုင်းတဲ့ အက်ကြောင်းရာ ထင်ခဲ့တဲ့ အစည်းအဝေးပဲ ဖြစ်နေပါတော့တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly