ဖွံ့ဖြိုးဆဲကမ္ဘာအတွက် ကန်ဒေါ်လာ ၂ဘီလျံ မတည်ထောက်ပံ့ရန် တရုတ်ကတိပြု

ဖွံ့ဖြိုးဆဲကမ္ဘာအတွက် ကန်ဒေါ်လာ ၂ဘီလျံ မတည်ထောက်ပံ့ရန် တရုတ်ကတိပြု

နယူးယောက်၊ စက်တင်ဘာ-၂၇ ။ ။ ဖွံ့ဖြိုးဆဲနိုင်ငံများကို အကူအညီပေးမည့် ကန်ဒေါ်လာ ၂ဘီလျံရံပုံငွေကို မတည်ထူထောင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုကို သိသိသာသာ တိုးမြှင့်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က ကတိပြုခဲ့သည်။ ဖွံ့ဖြိုးမှုရည်မှန်းချက်များနှင့် ပတ်သက်သည့် ကုလညီလာခံ၌ မိန့်ခွန်းပြောရာတွင် မစ္စတာရှီက တရုတ်၏ ရင်းနှီးမြှုပ်နှံမှုမှာ လာမည့် ၁၅နှစ်တွင် ၁၂ဘီလျံအထိ ရောက်ရှိလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကျွန်းနိုင်ငံငယ်များအပါအဝင် ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအပေါ် တင်နေသည့် တရုတ်ကြွေးမြီများကိုလည်း ပယ်ဖျက်ပေးမည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

ဆက်လက်ပြိး လာမည့်၅နှစ်အတွင်း ပြည်ပစီမံကိန်း ၆၀၀ကို ထောက်ပံ့ကူညီသွားမည်ဖြစ်ပြီး ပညာသင်ဆုများကိုလည်း ပိုမိုပေးအပ်သွားမည်ဟု ရှီက ပြောကြားခဲ့သည်။

‘ကမ္ဘာတစ်ခွင်ကိုကြည့်ရင် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးမှုဟာ ခေတ်အဆက်ဆက်ရဲ့ အဓိကအကျဆုံးအရာနှစ်ခုပါ’’ဟု တရုတ်ခေါင်းဆောင်က နယူးယောက်တွင် ကျင်းပခဲ့သည့် ကုလညီလာခံတွင် ပြောကြားခဲ့သည်။

‘ဥရောပက လောလောလတ်လတ် ဒုက္ခသည်အကျပ်အတည်းအပါအဝင် ကမ္ဘာနှင့်အဝန်းက အမျိုးမျိုးသောစိန်ခေါ်မှုတွေကို ပြေလည်စေဖို့ဆိုရင် အခြေခံအကျဆုံးအဖြေက ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးမှုမှာ တည်နေပါတယ်။ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို ရင်ဆိုင်နေရချိန်မှာ ဖွံ့ဖြိုးမှုဆိုတဲ့ အညှာကို ကိုင်ဖို့လိုပါတယ်။ ဖွံ့ဖြိုးမှုသာလျှင် စစ်ပွဲတွေရဲ့ အကြောင်းဇစ်မြစ်ကို ဖယ်ရှားပစ်နိုင်မှာပါ’’ဟု မစ္စတာ ရှီက ပြောကြားခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly