ကော်ဖီရွက်ဖြင့် လုပ်ထားသည့် ကော်ဖီဖျော်ပြိုင်ပွဲ အင်ဒိုနီးရှားတွင်ကျင်းပ

ကော်ဖီရွက်ဖြင့် လုပ်ထားသည့် ကော်ဖီဖျော်ပြိုင်ပွဲ အင်ဒိုနီးရှားတွင်ကျင်းပ

ဒီဇင်ဘာ ၁ ။              ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ၊ ၃၀ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းဆွယ်၊ ဘာတူဆန်ခါမြို့နေ ဒေသခံတွေစုပေါင်းပြီး ကော်ဖီဖျော်ပြိုင်ပွဲကို ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

ဒတ်ချ်ကိုလိုနီခေတ်တုန်းက ကော်ဖီစေ့နဲ့လုပ်ထားတဲ့ ကော်ဖီကို ဝယ်မသောက်နိုင်ကြတဲ့လူတွေဟာ ကော်ဖီရွက်နဲ့လုပ်ထားတဲ့ ကော်ဖီကိုပဲ သောက်ခဲ့ကြတာဖြစ်ပါတယ်။

ဒေသခံတွေဟာ ကော်ဖီရွက်တွေကို ကျိုပြီး ခွက်ထဲထည့်သောက်မယ့်အစား အုန်းမှုတ်ခွက်ထဲ ထည့်သောက်ခဲ့ကြတာဖြစ်ပါတယ်။

အဆိုပါ ကော်ဖီဖျော်ပြိုင်ပွဲဟာ ငါးရက်ကြာကျင်းပမယ့် မီနန်ခါဘော် အနုပညာနဲ့ ယဉ်ကျေးမှုပွဲတော်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

မီနန်ခါဘော် ယဉ်ကျေးမှုပွဲတော်ရဲ့ နောက်အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဘာဂျမ်ဘာပွဲမှာတော့ အမျိုးသမီးတွေ ရာနဲ့ချီပြီး အစားအစာအပြည့်ထည့်ထားတဲ့ လင်ဗန်းတွေကို ခေါင်းပေါ် ရွက်ပြီး လမ်းလျှောက်ကြမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly