၂၁ ကြိမ်မြောက်ထီဖွင့်ပွဲတွင် ကျပ်သိန်း ၁သောင်းဆုကို ဎ အက္ခရာဖြင့် ပေါ်ထွက်

၂၁ ကြိမ်မြောက်ထီဖွင့်ပွဲတွင် ကျပ်သိန်း ၁သောင်းဆုကို ဎ အက္ခရာဖြင့် ပေါ်ထွက်
ဓာတ်ပုံ - ၂၀ ကြိမ်မြောက် အောင်ဘာလေသိန်းထီဖွင့်ပွဲ

ရန်ကုန်၊ ဒီဇင်ဘာ ၁ ။               ။ ယနေ့ ဒီဇင်ဘာလ ၁ ရက် ဖွင့်လှစ်သည့် ၂၁ ကြိမ်မြောက် အောင်ဘာလေသိန်းထီဖွင့်ပွဲတွင် ကျပ်သိန်း ၁ သောင်းဆုကို ဎ အက္ခရာဖြင့် ဆွတ်ခူးရရှိသွားကြောင်း သိရသည်။

သိန်း ၁ သောင်း ဆုကြီးကို ဎ ၃၉၃၀၂၀ ၊ ဆုကြီးတွေအနေဖြင့် အောင်ဘာလေ သိန်းဆုဖွင့်ပွဲတွင် ကျပ် သိန်း တစ်သောင်းဆုအပြင်  သိန်း၅ထောင် ၂ဆု ၊ ကျပ်သိန်း ၃ ထောင်ဆု ၃ ဆုနှင့် ကျပ်သိန်း ၁ထောင် ဆု ၅ဆု တို့လည်း ပါဝင်သည်။

အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင်  ကျပ်သိန်း ၅ထောင် ၂ ဆု၏ ပေါက်မဲ ဂဏန်းများသည် ကဂ ၅၈၈၂၉၀ နှင့် ဒ ၇၅၂၅၈၀ ဖြစ်ပြီး ကျပ်သိန်း ၃ ထောင်ဆုများ၏ နံပါတ်များသည် ကဋ ၈၄၅၀၂၂၊ ဓ ၄၆၃၀၃၃ နှင့် ကဆ  ၈၀၀၉၆၆၊  ကျပ်သိန်း ၁ ထောင်ဆုများ၏ ဂဏန်းသည် ရ ၅၉၄၈၁၇ သ ၉၉၅၃၂၉ ၊ ဖ ၇၇၈၈၆၅ ၊ ကထ၂၃၃၀၇၇ နှင့် ထ ၅၁၇၇၀၆ တို့ ဖြစ်ကြသည်။

ယနေ့ နေ့လယ်အထိ ကျပ် သိန်း ၁ သောင်းဆုရှင်မှာ မည်သူမည်ဝါ မသိရသေးဘဲ ၂၀ ကြိမ်မြောက်တွင် ပဲခူးတိုင်းမှ စက်ဘီးပြင်ဆိုင်မှ ဇနီးမောင်နှံမှ ဆွတ်ခူးခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly