အလာစကာမှာ အင်အား ရစ်ချ်တာစကေး ခုနစ်အဆင့်ရှိ အားပြင်းငလျင် လှုပ်

အလာစကာမှာ အင်အား ရစ်ချ်တာစကေး ခုနစ်အဆင့်ရှိ အားပြင်းငလျင် လှုပ်

အန်ကားရေ့ချ်၊ ဒီဇင်ဘာ ၁ ။          ။ အမေရိကန်နိုင်ငံ အလာစကာပြည်နယ် အန်ကားရေ့ချ်မြို့မှာ သောကြာနေ့က အားပြင််းငလျင်တစ်ရပ် လှုပ်ခဲ့ရာမှာ အိမ်တွေ၊ ရုံးတွေ လှုပ်ယမ်းသွားခဲ့ပါတယ်။

ပြည်နယ်ရဲ့ အကြီးဆုံးမြို့မှာ လှုပ်ခဲ့တဲ့ ငလျင်ကြောင့် မြို့ခံအချို့ လျှပ်စစ်မီးပြတ်တောက်မှုတွေ ရင်ဆိုင်နေရပါတယ်။

အန်ကားရေ့ချ်မြို့ မြောက်ဖက် ရှစ်မိုင််အကွာမှာ အင်အား ရစ်ချ်တာစကေး ၇ ဒဿမ ၀ အဆင့်ရှိ ငလျင်ဟာ ဒေသစံတော်ချိန် နံနက် ခုနစ်နာရီခွဲလောက်မှာ လှုပ်ခဲ့တာဖြစ်ကြောင်း အမေရိကန် ဘူမိတိုင်းတာရေးဌာနက ဆိုပါတယ်။

ငလျင်ကြောင့် အန်ကားရေ့ချ်မြို့က အဓိက အခြေခံအဆောက်အအုံတွေ ပျက်စီးမှုဖြစ်ကြောင်း မြို့ရဲ့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

“အိမ်တွေ၊ ရုံးတွေ အတော်များများ ပျက်စီးတယ်။ လမ်းတွေ တံတားတွေကို ပိတ်ထားရတယ်။ မလိုအပ်ဘဲ ကားမောင်းသွားလာတာတွေ မလုပ်စေချင်ဘူး။”လို့ ရဲဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိမှုသတင်း လတ်တလော မကြားသိရသေးပါ။ အလာစကာပင်လယ်ကွေ့က ကွတ်အင်လက်နဲ့ ကီနိုင်ကမ်းခြေကျွန်းဆွယ်တွေမှာ ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly