အင်အား ရှစ်သောင်းခန့်ရှိတဲ့ အိန္ဒိယနိုင်ငံအနှံ့က တောင်သူလယ်သမားတွေ ဆန္ဒပြကာ ပါလီမန်သို့ ချီတက်

အင်အား ရှစ်သောင်းခန့်ရှိတဲ့ အိန္ဒိယနိုင်ငံအနှံ့က တောင်သူလယ်သမားတွေ ဆန္ဒပြကာ ပါလီမန်သို့ ချီတက်

အိန္ဒိယနိုင်ငံအနှံ့က တောင်သူလယ်သမားတွေနဲ့ လယ်ယာစိုက်ပျိုးရေး အလုပ်သမားတွေ ထောင်သောင်းများစွာဟာ သောကြာနေ့မှာတော့ ဆန္ဒပြရင်း ပါလီမန်ဆီ ချီတက်လာကြပါတယ်။

ကြွေးမြီကင်းလွတ်ခွင့်ရရေး၊ ကောက်ပဲသီးနှံတွေ စျေးကောင်းရရေး တောင်းဆိုတဲ့ နိုင်ငံအနှံ့က လယ်သမားတွေဟာ ဒုတိယနေ့အဖြစ် ဆန္ဒပြကြရာမှာ ခုလို ပါလီမန်ဆီ ချီတက်တောင်းဆိုကြတာပဲ ဖြစ်ပါတယ်။

လယ်သမားတွေရဲ့ အခု ချီတက်ဆန္ဒပြမှုဟာ လာမယ့်နှစ်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ရှိတာကြောင့် ဝန်ကြီးချုပ် နာရန္ဒြာမိုဒီအစိုးရအတွက် ဖိစီးမှုဖြစ်စေပါတယ်။

ဆည်မြောင်းစနစ် ညံ့ဖျင်းတာကြောင့် ကောက်ပဲသီးနှံတွေ ဖြစ်ထွန်းမှု နည်းပြီး အကြွေးပြန်မဆပ်နိုင်ကြလို့ နိုင်ငံတွင်းမှာ ကိုယ်ကိုကို သတ်သေကြတဲ့ တောင်သူလယ်သမားပေါင်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်းမှာ သုံးသိန်းကျော်ထက်မနည်း ရှိခဲ့ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly