မြန်မာ-စင်ကာပူ အစားသောက်များကို ပူးတွဲရောင်းချသော Singapore Festival ပွဲတော်ကျင်းပ

မြန်မာ-စင်ကာပူ အစားသောက်များကို ပူးတွဲရောင်းချသော Singapore Festival ပွဲတော်ကျင်းပ

ရန်ကုန်၊နိုဝင်ဘာ ။            ။ စင်ကာပူ ရိုးရာအစားသောက်တွေနဲ့ မြန်မာရိုးရာ အစားသောက်တွေကို ပူးတွဲရောင်းချနေတဲ့  Singapore Festival ပွဲတော်ကိုရန်ကုန်မြို့ ဘိုကလေးစျေးလမ်းမှာ နိုဝင်ဘာ ၃ဝရက်နေ့ကနေ ဒီဇင်ဘာ ၂ ရက်နေ့အထိ ညနေ ၄ နာရီကနေ ည ၉ နာရီအချိန်အတွင်း ကျင်းပနေပါတယ်။

"ဒီစင်ကာပူပွဲတော်မှာ  စင်ကာပူက အစားစာတွေနဲ့ မြန်မာအစားစာတွေကို ဆိုင်ခန်း ၂ဝနဲ့  ပူးတွဲရောင်းချ ပေးမှာဖြစ်တယ်။ဒီမှာ ၅ဝဝကျပ်တည်းနဲ့ အစားစာတွေကို လာရောက်လည်ပတ်ရင်း စားနိုင်မှာပါ။ "လို့  Singapore Tourism Board အဖွဲ့မှ Assistant Chief Executive Mr.Chang Chee Pey က ပြောပါတယ်။

Singapore Tourism Board အဖွဲ့က ဦးဆောင်ပြုလုပ်တဲ့ ယခုပွဲတော်ဟာ တတိယအကြိမ်မြောက်ပွဲတော် လည်း ဖြစ်ပါတယ်။

" အရင်ကြိမ်တွေတုန်းက Shopping Mall တွေမှာ လုပ်တယ်။ ဒီနှစ်တော့ အပြင်မှာ ကျင်းပဖြစ်တယ်။ အဓိက ကတော့ ကျယ်ကျယ်ပြန့်ပြန့်လည်းဖြစ်တယ်။ဒေသခံတွေနဲ့လည်း နီးစပ်စေချင်လို့ပါ" လို့ Singapore Tourism Board အဖွဲ့မှ Assistant Chief Executive Mr.Chang Chee Pey က ပြောပါတယ်။

ပွဲတော်အတွင်း အစားအသောက်များသာမက ပွဲတော်ကိုလာရောက်သူများထဲမှ ကလေးငယ်များအတွက်လည်း အရုပ်ဆက်တာတွေ၊ ပန်းချီဆေးရောင်ခြယ်တဲ့ ကစားနည်းတွေလည်း ပါဝင်ပြသထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly