မုဒုံတွင် ဟိုတယ်တစ်ခု၌ တည်းခိုနေသူထံမှ မူးယစ်ဆေးပြား ၃ သောင်းနီးပါး တွေ့ရှိ

မုဒုံတွင် ဟိုတယ်တစ်ခု၌ တည်းခိုနေသူထံမှ မူးယစ်ဆေးပြား ၃ သောင်းနီးပါး တွေ့ရှိ

မော်လမြိုင်၊ နိုဝင်ဘာ ၊ ၃၀ ။           ။ မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ ၁ ရပ်ကွက်၊ အဝေးပြေးကားလမ်းဘေးရှိဟိုတယ်တစ်ခုတွင် လာတည်းခိုနေသူထံမှ WY+R စာတမ်းပါစိတ်ကြွရှုးသွပ်ဆေးပြား ၂၉၀၂၅ ပြား စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးသတင်းအရ မွန်ပြည်နယ် မှုခင်းအကူဌာနနှင့် ပြည်နယ်/ခရိုင်/မြို့နယ်ပါဝင်သော ပူးပေါင်းအဖွဲ့ သည် နိုဝင်ဘာလ ၂၈ ရက်၊ ညနေ ၅ နာရီခွဲခန့်တွင် မုဒုံမြို့ရှိ -------- HOTAL အခန်းအမှတ် (၀၁၄) အတွင်းသို့ ဝင်ရောက်ရှာဖွေရာမှ စောဇေယျာ(ခ)ရွှေထီး၊ ကျုံခဝန်ကျေးရွာ၊ ကြားအင်ဆိပ်ကြီးမြို့နယ် နေသူအား တွေ့ရှိခဲ့သည်။

၄င်းကိုင်ဆောင်သော ပီနံလက်ဆွဲ အိတ်ထဲတွင် ကပ်ခွာအိတ် ၁၄၆ အိတ်ဖြင့် ထည့်ထားသော WY+R စာတမ်းပါ(ပန်းရောင်+စိမ်းရောင်)စိတ်ကြွရူးသွပ် ဆေးပြား စုစုပေါင်း ၂၉၀၂၅ ပြား၊ တန်ဘိုးငွေကျပ် စုစုပေါင်း ၁၄၅၁၂၅၀၀၀ ကျပ်၊ လက်ကိုင်ဖုန်း ၁ လုံး၊ တစ်သောင်း ကျပ်တန် ငွေစက္ကူ ၂ ရွက်တို့ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းနောက် စောဇေယျာ(ခ)ရွှေထီးအား မေးမြန်းရာ စိတ်ကြွဆေးပြားများအား အိုက်ရွှေ ၃၅ နှစ် ကျုံခဝန် ကျေးရွာ ကြာအင်းဆိပ်ကြီးမြို့နယ်( ရှမ်းပြည်နယ်တောင်ပိုင်း နမ့်ဆန်မြို့နယ် ကုန်းစာကျေးရွာနေသူမှ ငွေကျပ် ၂၀၀၀၀ / ၃၀၀၀၀ ကျပ်ပေးပြီး ကျုံခဝန်ကျေးရွာမှ ------ HOTAL သို့ လာရောက်ပို့ဆောင်ခိုင်းခြင်းဖြစ်ကြောင်း၊ အိုက်ဆွေဆိုသူမှာ ၄င်း၏ နောက်မှပါလာကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ရဲတပ်ဖွဲ့မှ ------ HOTAL ရှေ့၌ မိနစ် ၂၀ ခန့် စောင့်ဆိုင်းနေစဉ် အိုက်ဆွေ ဆိုသူအား တွေ့ရှိသဖြင့် ရှာဖွေရာ မူးယစ်ဆေးဝါးရောင်းချရာမှ ရရှိငွေဟု ယူဆရသော ငွေစက္ကူရောရာ ၁၁၄၆၀၀ ကျပ်နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကိုသာ တွေ့ရှိပြီး မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ တစ်စုံတစ်ရာမျှ ရှာဖွေတွေ့ရှိခြင်း မရှိကြောင်း သိရသည်။

ဆက်လက်၍ ၄င်းတို့ ၂ ဦးကို မေးမြန်းစစ်ဆေးရာ သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြားများအား ညနေ ၃ နာရီခန့်က ကျုံခဝန်ကျေးရွာနေ ကိုကြီး (၄၀ နှစ်ခန့် )ဆိုသူက ပို့ဆောင်ခငွေ ၃၀၀၀၀ ကျပ်ပေးကာ မုဒုံမြို့သို့ ပို့ဆောင်စေခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စိတ်ကြွရူးသွပ်ဆေးပြားများ လက်ဝယ်တွေ့ရှိ သုံးစွဲရောင်းချသူ စောဇေယျာ(ခ)ရွှေထီးနှင့် အိုက်ရွှေတို့အား မမစ(မုဒုံ)မယ(ပ)၁၇/၁၈၊ မူးစိတ်ပုဒ်မ-၁၉(က)/၂၀(က)/၂၁ ဖြင့် စစ်ဆေးဆောင်ရွက်လျှက်ရှိ ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly