မြန်မာ-နီပေါ ကုန်သွယ်ရေး မြှင့်တင်ဖို့ ဒေါ်အောင်ဆန်းစုကြည် အလေးအနက် ပြော

မြန်မာ-နီပေါ ကုန်သွယ်ရေး မြှင့်တင်ဖို့ ဒေါ်အောင်ဆန်းစုကြည် အလေးအနက် ပြော
ဓာတ္ပံု - reviewnepal.com

မြန်မာနဲ့ နီပေါ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ ချိတ်ဆက် ဆောင်ရွက်မှုတွေကို တိုးမြှင့်သွားသင့်ကြောင်း နီပေါနိုင်ငံမှာ ရောက်ရှိနေလျက်ရှိတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

နီပေါ ကုန်သည်ကြီးများ အသင်းက စီစဉ်တဲ့ 'Nepal Chamber Expo-2018' မှာ တက်ရောက်မိန့်ခွန်းပြောကြားစဉ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားလိုက်တာဖြစ်ပါတယ်။

နှစ်နိုင်ငံစလုံးက လူသားအရင်းအမြစ်တွေကို အသုံးချပြီးတော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ သာယာဝပြောရေး တို့နှင့် သက်ဆိုင်တဲ့ ဆောင်ရွက်ချက်တွေကို လုပ်ဆောင်သွားနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

စိုက်ပျိုးရေး၊ ရေအားလျှပ်စစ် နဲ့ နည်းပညာလုပ်ငန်းတွေမှာ တိုးမြှင့် ရင်းနှီးမြုှပ်နှံသွားခြင်းနဲ့အတူ နှစ်နိုင်ငံစလုံးရဲ့ စီးပွားရေးကို ပိုမိုအားကောင်းသွားစေနိုင်သည်ဟု ထင်မြင်ပါကြောင်း သူမက ပြောသွားပါတယ်။

ဒါ့အပြင် နီပေါ လုပ်ငန်းရှင်တွေကိုလည်း မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြုှပ်နှံကြဖို့ကိုလည်း သူမက တိုက်တွန်းသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly