နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နီပေါသမ္မတနှင့် တွေ့ဆုံ

By Setopati.net
30 November 2018
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နီပေါသမ္မတနှင့် တွေ့ဆုံ
Photo - Imagekhabar.com

နိုဝင်ဘာ ၃၀ ။          ။ နီပေါနိုင်ငံမှာ ရောက်ရှိနေလျက် ရှိတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့ နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းမှာတော့ နီပေါ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ နဲ့ သွားရောက် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ခေါင်းဆောင်နှစ်ဦးအကြား ယင်းတွေ့ဆုံမှုမှာတော့ နီပေါနဲ့ မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး နဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ နီပေါသမ္မတရုံးက ထုတ်ပြန်ပါတယ်။

ယင်းတွေ့ဆုံပွဲကို နီပေါ သမ္မတ ရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီး ဌာနတို့က အဆင့်မြင့်တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နီပေါ ဝန်ကြီးချုပ် ကေပီ ရှာမာ အိုလီရဲ့ ဖိတ်ကြားချက်အရ လက်ရှိမှာ နီပေါမှာ တရားဝင် ချစ်ကြည်ရေး ခရီးရောက်ရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် ယင်းနိုင်ငံမှာ ကျင်းပမယ့် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်သွားဖို့ ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly