ယူကရိန်းကိစ္စကြောင့် ပူတင်နဲ့ တွေ့မယ့် အစီအစဉ် ထရမ့် ဖျက်သိမ်း

ယူကရိန်းကိစ္စကြောင့် ပူတင်နဲ့ တွေ့မယ့် အစီအစဉ် ထရမ့် ဖျက်သိမ်း

နိုဝင်ဘာ ၃၀ ။            ။ G20 ထိပ်သီးအစည်းအဝေးမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ သီးခြားတွေ့ဆုံဖို့ စီစဉ်ထားမှုကို မိမိဘက်က ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ယူကရိန်းသင်္ဘောတွေကို မော်စကိုတို့ အတင်းအကျပ် သိမ်းယူထိန်းသိမ်းထားခဲ့့တဲ့ ကိစ္စဖြစ်ပြီး ယခုအချိန်ထိ ပြေလည်မှု မရသေးကြောင့် ခုလိုမျိုး ပူတင်နဲ့ တွေ့မယ့် အစီအစဉ်ကို ထရမ့်ဘက်က ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။

" သင်္ဘောတွေရော၊ သင်္ဘောသားတွေရော ရုရှားဘက်ကနေ ယူကရိန်းဆီ ပြန်မရောက်သေးပါဘူး၊ ဒါကြောင့်မို့ အားလုံး ကောင်းဖို့အတွက် မူလ ဒီစီစဉ်ထားတဲ့ သမ္မတပူတင်နဲ့ တွေ့မယ့် အစည်းအဝေးကို ကျွန်တော် ဖျက်သိမ်းလိုက်ပါပြီ" ဆိုပြီး ထရမ့်က တွစ်တာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ယင်းယူကရိန်းအကျပ်အတည်းကို အမြန်ဆုံး ပြေလည်အောင် ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ထရမ့်က ပြောသွားပါတယ်။

ဂျီ ၂၀ နိုင်ငံတွေရဲ့ ထိပ်သီးအစည်းအဝေးကိုတော့ လက်ရှိမှာ အာဂျင်တီးနားနိုင်ငံမှာ ကျင်းပမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly