မက္ကဆီကိုကျောင်းသားများ ပျောက်ဆုံးမှု တစ်နှစ်ပြည့်အဖြစ် လူထုစုရုံးဆန္ဒပြ

မက္ကဆီကိုကျောင်းသားများ ပျောက်ဆုံးမှု တစ်နှစ်ပြည့်အဖြစ် လူထုစုရုံးဆန္ဒပြ

မက္ကဆီကိုနိုင်ငံတွင် ကျောင်းသား ၄၃ ဦးပျောက်ဆုံးမှု တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ထောင်ပေါင်းများစွာသော ပြည်သူများက မြို့တော်တွင် လူထုစီတန်း ဆန္ဒပြမှုကို ပြုလုပ်ခဲ့ကြသည်။

ပါဝင်သူဆန္ဒပြသူများက ကျောင်းသားများ၏ ဓာတ်ပုံများကို ကိုင်ဆောင်ချီတက်ကာ တရားမျှတမှုအတွက် တောင်းဆိုကြသည်။

ပျောက်ဆုံးကျောင်းသားများ၏ မိဘများက ကျောင်းသားများ ပျောက်ဆုံးမှု စုံစမ်းစစ်ဆေးရေးအား အစိုးရအနေဖြင့် နိုင်ငံတကာ ကြီးကြပ်မှုအောက်ရှိ အထူးစုံစမ်းရေး ယူနစ်တစ်ရပ်ရပ် လွှဲပြောင်း စုံစမ်းမှု ပြုလုပ်စေရန် လိုလားကြသည်။

ယင်းကျောင်းသားများကို ရဲက ရာဇဝတ်ဂိုဏ်းတစ်ဂိုဏ်းသို့ လက်လွှဲပေးအပ်ခဲ့၍ အသတ်ခံရခြင်းဖြစ်သည်ဆိုခြင်းအပေါ်လည်း အစိုးရ၏ တာဝန်ယူမှုနှင့် ပတ်သက်ပြီးလည်း အငြင်းပွားမှုများရှိနေသည်။

ကျောင်းသားများက မူးယစ်ဆေးဝါးမှောင်ခိုသယ်ဆောင်လာသည့် ဘတ်စ်ကားတစ်စီးကို မသိနားမလည်ဘဲ တားဆီးထိန်းချုပ်ရန် လုပ်ဆောင်ခြင်းကြောင့် အသတ်ခံရခြင်းဖြစ်ကြောင်း လွတ်လပ်သည့် ပညာရှင်အဖွဲ့တစ်ဖွဲ့က ထင်မြင်ပြောကြားပြီး အစိုးရက ၎င်းကျောင်းသားများကို ကာကွယ်ရေး တစ်ခုမျှ လုပ်ဆောင်ခဲ့ခြင်းမရှိဟုလည်း ဆိုသည်။

ုတစ်ချိန်တည်းမှာပင် သမ္မတပီနာနီတိုက ကျောင်းသားများပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ကိုင်တွယ်ဆောင်ရွက်ရန်အတွက် အထူးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးထားပြီဟု ကြေညာသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly