ပုဂံရှေးဟောင်းမြို့တော်တွင် Grab ကုမ္ပဏီမှ သုံးဘီးယာဉ်များ စတင်ပြေးဆွဲ

ပုဂံရှေးဟောင်းမြို့တော်တွင် Grab ကုမ္ပဏီမှ သုံးဘီးယာဉ်များ စတင်ပြေးဆွဲ

ရန်ကုန်၊နိုဝင်ဘာ ၂၉ ။           ။ မြန်မာနိုင်ငံ၏ ရှေးဟောင်းအမွေနှစ်မြို့တော် ဖြစ်သော ပုဂံဒေသတွင် Grab ကုမ္ပဏီမှ သုံးဘီးယာဉ်များဖြင့် ခရီးသွားဝန်မှုများပေးနေပြီဖြစ်ကြောင်း သိရသည်။

 ပုဂံဒေသတွင် Grab ကုမ္ပဏီ၏ သုံးဘီးယာဉ်များကို ငှားရမ်းမည်ဆိုပါက သုံးစွဲလိုသူသည် Grab အပလီကေး ရှင်းကို အသုံးပြုရန်မလိုဘဲ Grab Callcenter သို့ဖုန်းခေါ်ဆိုကာ သုံးဘီးယာဉ်များကို ငှားရမ်းနိုင်ကြောင်း သိရသည်။

ထိုသို့ ပုဂံဒေသတွင် Grab သုံးဘီးယာဉ်များအငှားဝန်ဆောင်မှုပေးခြင်းအတွက် စတင်မိတ်ဆက်ပွဲကို နိုဝင်ဘာ ၂၉ရက်တွင် ရန်ကုန်မြို့၊ Crystal Tower ရှိGrab ကုမ္ပဏီရုံးချုပ်တွင် ပြုလုပ်ခဲ့သည်။

"ကျွန်တော်တို့ ပုဂံကိုရွေးပြီးလုပ်ဖြစ်တာက ပုဂံက ခရီးသွားတွေ လာတာ နှစ်စဉ်ပို ပိုတိုးလာတယ်။ ဒီမှာ ကလည်း ခရီးသွားတွေကို ယုံကြည်မှုနဲ့လုံခြုံ စိတ်ချရတဲ့ ဝန်ဆောင်မှုပေးတာတွေ မရှိသေးဘူး။ ဒါကြောင့် ကျွန်တော်တို့ ဒီသုံးဘီး အငှားဝန်ဆောင်မှုပေးဖို့ လုပ်ဖြစ်ခဲ့တာပါ။" ဟု  Grab Myanmar ရဲ့  မန်နေဂျာ ကိုစိုးထိုက်ထွန်း ပြောသည်။

 Grab ကုမ္ပဏီအနေဖြင့် ပုဂံဒေသတွင် သုံးဘီးယာဉ်များကိုဝန်ဆောင်မှုပေးရာ၌ ခရီးသည်များအဆင်ပြေစေရန် ဟိုတယ်များနှင့် အချိတ်အဆက်ပြုလုပ်ထားကြောင်းသိရပြီး ငှားမည့်သူများအနေဖြင့် စျေးနှုန်းကို နာရီအပို်င်း အခြားဖြင့် ငှားရမ်းရမည်ဟု သိရသည်။

 "ကျွန်တော်တို့ ဒီ Grab သုံးဘီးရဲ့ စျေးနှုန်းကို နာရီနဲ့ သတ်မှတ်ထားတယ်။ ၂နာရီ၊၄နာရီ၊၈နာရီပေါ့။ စျေးကတော့ ၂နာရီကတော့ နေ့လယ်စာတို့ ညစာတို့ စားတဲ့အခါ ငှားလို့ သင့်တော်တယ် ဒါကတော့ ၁သောင်း။ ၄နာရီကတော့ နေ့တစ်ဝက်ပေါ့ ၁သောင်းခွဲ ကျတယ်။၈နာရီ တစ်နေ့လုံးအတွက်ကတော့ ၂သောင်းခွဲ ယူပါတယ်။" ဟု  Grab Myanmar ရဲ့  မန်နေဂျာ ကိုစိုးထိုက်ထွန်း ပြောသည်။

 ပုဂံတွင် Grabကုမ္ပဏီ၏ သုံးဘီးယာဉ်များကို အောက်တိုဘာ ၁၅ရက်မှ စတင်ကာ ယာဉ်မောင်းအယောက် ၃၀၊ အစီးရေ ၃ဝဖြင့် ပြေးဆွဲနေခြင်းဖြစ်ပြီး ပုဂံတွင်ယခုကဲ့သို့ ဝန်ဆောင်မှုပေးခြင်းသည် Grab ၏ တတိယမြောက် ဝန်ဆောင်မှုပေးခြင်းတစ်ခုလည်းဖြစ်သည်။

 Grab အငှားယာဉ်ဝန်ဆောင်မှုကုမ္ပဏီသည် စင်ကာပူနိုင်ငံအခြေစိုက်ဖြစ်ပြီး မြန်မာနိုင်ငံသို့ ၂၀၁၇ ခုနှစ်မှ စတင်ကာ ဝင်ရောက်လုပ်ကိုင်ခဲ့ကြောင်း အငှားယာဉ်ဝန်ဆောင်မှုများကို ရန်ကုန်မြို့၊မန္တလေးမြို့နှင့် ပုဂံဒေသ တို့တွင် ဆောင်ရွက်နေကြောင်း သိရသည်။

ပုဂံဒေသသို့ သွားရောက်လည်ပတ်ရာတွင် မြင်းလှည်းသည် ဆွဲဆောင်မှုတစ်ခုဖြစ်ပြီး ကားလမ်းဖြင့် မပေါက်သော နေရာများသို့ အဓိကသယ်ယူ ပို့ဆောင်ရေးတစ်ခုအဖြစ် ရှိ်နေခဲ့သော်လည်း နောက်ပိုင်း ကာလများတွင် ဘတ်ထရီဆိုင်ကယ် (E Bike) ကို အသုံးပြုမှုတွင်ကျယ်လာကြကြောင်း သိရသည်။ မြင်းလှည်းများ၏ ငှားရမ်းအသုံးပြုခသည် တစ်နာရီလျှင် ကျပ် ၁၀၀၀၀ ပေးရပြီး ဘတ်ထရီဆိုင်ကယ် (E Bike) များသည် တစ်ရက်လျှင် ကျပ် ၇၀၀၀ သာ ပေးရကြောင်း ခရီးသွားလာသူများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly